၂၁

432 37 0
                                    

ကြောက်လို့ပဲထွက်ပြေးခဲ့တာလား။ ဒါမှမဟုတ် နိုဝယ့်မျက်ဝန်းတွေနဲ့မရင်ဆိုင်ရဲလို့ပဲလား။ ဒါမှမဟုတ် ကိုယ့်ကိုအထင်သေးသွားပြီဆိုတဲ့စိတ်နဲ့ပဲလားမသိ။ မနတ်အိပ်ယာနိုးနိုးချင်း သူ့လက်ဖဝါးလေးကားဆုတ်ကိုင်ကာ ကုတင်ပေါ်မှီတွယ်ရင်းအိပ်နေတဲ့သူကို တောင်းပန်ပါတယ်ဆိုတဲ့ စာလေးတစ်စောင်ထားပြီထွက်ပြေးလာခဲ့မိတာ။ အိမ်ပြန်ရောက်ရောက်ချင်း မာမီကတောင်သူ့ကိုဘာဖြစ်လာလဲဟူ၍မေးနေပေမဲ့ သူ့အတွက်ပါးစပ်ကနေထုတ်ပြောဖို့တောင်မရဲသာတဲ့အခြေအနေ။

စကားပြောဖို့အားယူလိုက်တိုင်း စကားလုံးများကထွက်ကျမလာတဲ့အ​ခြေအနေ။ ထိုပုံစံကြီးကို ကိုယ်ချစ်ရသူရှေ့ချမပြချင်။ ဒါကြောင့်ပင် အလုပ်ခရီးစဥ်အရသွားရမည့်အချိန်ထပ်စောပြီးရောမဘက်သို့သွားဖြစ်ခဲ့သည်။ မိဘနှစ်ပါးကိုတော့ အလုပ်ကိစ္စအတွက်နှင့်ကော စိတ်အပန်းဖြေသဘောအနေဖြင့်ကောသွားချင်လို့ပါဟုပြောခဲ့လေသည်။ဒါကြောင့်ပင် အလုပ်ခရီးစဥ်အရသွားရမည့်အချိန်ထပ်စောပြီးရောမဘက်သို့သွားဖြစ်ခဲ့သည်။ မိဘနှစ်ပါးကိုတော့ အလုပ်ကိစ္စအတွက်နှင့်ကော စိတ်အပန်းဖြေသဘောအနေဖြင့်ကောသွားချင်လို့ပါဟုပြောခဲ့လေသည်။

ဒီကိုရောက်တော့ပထမဆုံးလုပ်ဖြစ်သည့်အလုပ်က စိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့ရသည့်အလုပ်။ သူနဲ့အတူပါလာတဲ့ ဆက်ပိုင်ကတောင်အံသြနေတာ။ ဒါပေမဲ့သူ့ကိုတော့ဘာတစ်ခုမှမမေးမြန်းခဲ့ပါဘူး။ စိတ်ခံစားချက်တွေအတက်အကျမြန်သွားလို့ ခဏတာစကားမပြောနိုင်ဖြစ်သွားခဲ့သည်ဟုသောအချက်ကြောင့် ထိုနေ့ကဆေးရုံမှအပြန်အသိစိတ်ကင်းမဲ့နေသူတစ်ယောက်လိုဖြစ်နေခဲ့ရတာ။ ပုံမှန်ပြန်ဖြစ်အောင်သူ့စိတ်ကိုအတက်နိုင်ဆုံး healing ဖြစ်စေမဲ့အရာတွေကိုပဲလုပ်ဆောင်ခဲ့ရသည်။ အဆက်အသွယ်တွေအကုန်ဖြတ်ပြီး စိတ်ကောလူကော healing ဖြစ်မဲ့အရာတွေကိုရှာဖွေလုပ်ကိုင်နေမိသည်။ တဖြေးဖြေးတိုးတက်လာသည့်သူ့အခြေအနေကြောင့်ဆရာဝန်ကတောင်အံသြနေသေးသည်။

ပုံမှန်လူကောင်းကဲ့သို့စကားပြန်ပြောနိုင်ဖို့ဆိုတာ သာမာန်လူတွေအတွက်မလွယ်ကူပေမဲ့ သူ့အတွက်စိတ်ကိုအတက်နိုင်ဆုံးလျော့ချလိုက်ပြီး ဒါပေမဲ့သူ့ကိုတော့ဘာတစ်ခုမှမမေးမြန်းခဲ့ပါဘူး။ စိတ်ခံစားချက်တွေအတက်အကျမြန်သွားလို့ ခဏတာစကားမပြောနိုင်ဖြစ်သွားခဲ့သည်ဟုသောအချက်ကြောင့် ထိုနေ့ကဆေးရုံမှအပြန်အသိစိတ်ကင်းမဲ့နေသူတစ်ယောက်လိုဖြစ်နေခဲ့ရတာ။ ပုံမှန်ပြန်ဖြစ်အောင်သူ့စိတ်ကိုအတက်နိုင်ဆုံး healing ဖြစ်စေမဲ့အရာတွေကိုပဲလုပ်ဆောင်ခဲ့ရသည်။ အဆက်အသွယ်တွေအကုန်ဖြတ်ပြီး စိတ်ကောလူကော healing ဖြစ်မဲ့အရာတွေကိုရှာဖွေလုပ်ကိုင်နေမိသည်။ တဖြေးဖြေးတိုးတက်လာသည့်သူ့အခြေအနေကြောင့်ဆရာဝန်ကတောင်အံသြနေသေးသည်။ ပုံမှန်လူကောင်းကဲ့သို့စကားပြန်ပြောနိုင်ဖို့ဆိုတာ သာမာန်လူတွေအတွက်မလွယ်ကူပေမဲ့ သူ့အတွက်စိတ်ကိုအတက်နိုင်ဆုံးလျော့ချလိုက်ပြီးနောက် အဖြစ်အပျက်တွေကိုလက်ခံလိုက်သည့်အခါ သူ့စိတ်မှာအနည်းငယ်သက်သာသွားသယောင်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now