၁၁

497 43 0
                                    

ကလောင်။ ကလောင်။ ကလောင်။

ကျောင်းတက်ခေါင်းလောင်းထိုးသံလို့ထင်နေသည်လား။ မဟုတ်ပါ။ ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ် ချက်(စ်) ကျောင်းခပ်သေးသေးမှထွက်လာသည့်ခေါင်းလောင်းသံဖြစ်လေသည်။ ထိုအသံကြောင့် ကျောင်းအတွင်းမှခလေးများက အုပ်စုလိုက်ကျောင်းပြင်ကိုပြေးထွက်လာခဲ့ပြီး ကျောင်းရှေ့မျက်ခင်းပြင်ပေါ်၌ပြေးလွှားဆော့ကစားနေကျသည်။

"ဒီကိုမလာတာတောင်အတော်ကြာနေပြီပဲ"

"ဟုတ်တယ် ဖာသာ ကျွန်တော် အလုပ်နဲ့နယ်စပ်ဘက်ဆင်းနေရလို့ပါ"

ခရစ်ယန်ဘုန်းတော်ကြီးကျောင်းဖြစ်လင့်ကစား တန်ခိုးကြီးမြန်မာဘုရားများကဲ့သို့တော့ဆည်းလည်းသံများအလှူခဲမဏ္ဏဒ်အသံများ တရားနာသံများမရှိပေမဲ့ ကလေးများ၏ ပြေးလွှားကစားနေသည့်အသံများသာရှိနေသည်။ ထိုကလေးများအား ဘုမ်းတော်ကြီးဖြစ်ဟန်တူသည့် အမျိုးသားတစ်ယောက်နှင့် အသက်အရွယ်အရ လူရွယ်တစ်ဦးမှာ စကားပြောနေကျလေသည်။

"ဖာသာကောကျန်းမာရေးကောင်းပါရဲ့လား"

"ကိုယ်တော်နေကောင်းပါတယ် ဘုရားသခင်ရဲ့အရိပ်အာဝါသအောက်မှာဆိုတော့ပိုအေးချမ်းပါတယ်"

"ဒါနဲ့ဖာသာ ခုနက တရားပေးနေတုန်းက ခုံအနောက်ဆုံးတန်းမှာထိုင်နေတဲ့ခလေးမလေးကနည်းနည်းလူမကပ်သလိုပဲနော် အခု ဆော့နေတဲ့ခလေးတွေအထဲလဲသူမပါလာဘူး"

"ဟုတ်တယ် ဒီကလေးကသိပ်သနားစရာကောင်းပါတယ်ကွယ် သူဒီကိုစရောက်ရောက်ချင်းတုန်းက အခုလိုအပြင်တွေအထိတောင်မထွက်နိုင်ဘူးလေ သူ့အဖေနဲ့အမေကမျက်စိရှေ့တင်အသက်ခံလိုက်ရတာဆိုတော့ နောက်ပြီး ကလေးက စိတ်ဒဏ်ရာအတော်လေးကျန်ခဲ့ပုံရတယ် စကားမပြောနိုင်တဲ့အခြေအနေအထိဖြစ်သွားခဲ့တာပဲ။ ဖာသာတောင် ခလေးမလေးကိုမြင်တော့ ဒီကလေးတောင့်ခံနိုင်ပါ့မလားဆိုပြီးစိတ်ပူနေခဲ့တာ။ ဒါပေမဲ့ ခလေးကစိတ်ဓာက်မာတယ် သားတော်လိုပဲ ငယ်ငယ်လေးနဲ့ဖြတ်သန်းခဲ့ရတာဆိုတော့ ဒီကလေးမလေးကိုကြည့်ရင် သားတော်ကိုမြင်နေရသလိုပဲ"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now