၃၈🍀

1K 56 0
                                    

သူငယ်ချင်းများနှင့်မိတ်ဆက်ပေးမည်ဟုဏရီ့ကိုပြောသောအခါ ဏရီကလဲသူ့သဘောကျလုပ်စေ၍ ဒိတ်ရန်အလို့ငှာ ကော်ဖီဆိုင်တစ်ဆိုင်သို့ရောက်နေလေသည်။ တစ်ခြားဆိုင်များဆိုလျှင် ဏရီစိတ်အိုက်နေမည်စိုးရိမ်သောကြောင့် အေးအေးဆေးဆေးထိုင်လို့ရမည့် နေရာကိုသာရွေးလိုက်ခြင်းဖြစ်သည်။

"အချစ်သူငယ်ချင်းတွေနဲ့တွေ့ရင် ဒီကောင်မလေးအခုတလောဘာတွေလုပ်တယ်ဆိုတာမေးရမယ်"

"အဟား ဏရီက ကျွန်မကိုမယုံဘူးလား"

"ဟင့်အင်း မဟုတ်ပါဘူး တို့သိချင်လို့လေအချစ်ရဲ့ တို့မသိခဲ့ရတဲ့အချစ်ရဲ့နေ့ရက်တွေအကြောင်းတို့သိချင်လို့"

"ဒါဆို ကျွန်မကိုမေးပေါ့ဏရီရဲ့ ဏရီသိချင်ရင် ကျွန်မကတစ်ခုမကျန်အကုန်ပြောပြမှာ"

ကော်ဖီဆိုင်ထဲ ဏရီတို့ကကြိုရောက်နေ၍ အကြည်စိုက်နေသောကြောင့် သူငယ်ချင်းများဝင်လာသည်ကိုမသိလိုက်။ ဒါကို နိုဝယ့်သူငယ်ချင်းများကစ၍မပြီးနိုင်။

"ဟိုဟာလေ ဒီအမကိုငါတို့မြင်ဖူးနေသလိုပဲနော်"

"မြင်ဖူးမှာပေါ့ နိုဝယ်မ ငမ်းတဲ့ မမလေ"

"ဟယ် ဟုတ်သားပဲ ဘယ်ကနေဘယ်လိုသိပြီး ဘယ်လိုချစ်သူဖြစ်သွားတာလဲ နိုဝယ်မ နင်တကယ်ကြီးငါတို့ကိုအရိပ်အမြွတ်လေးတောင်မပေးတာဟယ် အဲ့တုန်းကထဲကသာသိရင်"

"ငါကဘာလို့ပြောရမှာလဲ ဖြစ်နိုင်ရင် ဏရီ့ကိုဘယ်သူနဲ့မှတွေ့ပေးချင်တာမဟုတ်ဘူး နင်တို့က သူငယ်ချင်းတွေဖြစ်နေလို့"

"အမလေးအူကလဲတိုပ တကယ်ထဲ ဒါနဲ့ အမ အမကိုသူဘယ်ဆေးတွေနဲ့များချုပ်လိုက်လဲ"

"အဟင်း တို့ကို နိုဝယ်က အချစ်ဆေးနဲ့ချုပ်လိုက်တာလေ"

တကယ်လဲ ဏရီဟာ နိုဝယ့်သူငယ်ချင်းများအား နိုဝယ့်အကြောင်းကောင်းကောင်းကြီးမေးခဲ့ပါသည်။ ကာရကံရှင်ပြောတာကော ဘေးလူပြောတာပါ နားထောင်ရတာ ပိုပြီးအမြင်ကျယ်သည်လေ။ တစ်ခါတစ်လေ နှစ်ဖတ်လုံးကပြောတဲ့စကားကိုနားထောင်ချင်မိသည်ကြောင့်။ နိုဝယ့်သူငယ်ချင်းများကခင်ဖို့ကောင်းသည်ဆိုတာသူသိလိုက်ရပါသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now