၂၄

389 37 0
                                    

ဦးဥာဏကျော် သည် တစ်ချိန်က စီးပွားရေးသမားယောင်ယောင်နိုင်ငံရေးသမားယောင်ယောင်။ တဖြေးဖြေး နိုင်ငံရေးသမားများနှင့်ပေါင်းကာစီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ဖြစ်သည်။ထိုအချိန်မှာသူ၏အသက် ၂၀။ ထိုအချိန်၌ပင် ဒေါ်မိုးပပဆွေဟူသောအမျိုးသမီးနှင့်ဖူးစာစုံခဲ့လေသည်။ အစပိုင်း၌တော့ ပျော်ရွင်ဖွယ်အတိ။ ဒေါ်မိုးပပဆွေ ကိုယ်ဝန်ဆောင်ချိန်၌ ဦးဉာဏကျော်၏စီးပွားရေးမှာတစ်ဟုန်ထိုးအောင်မြင်လာလေသည်။ အောင်မြင်မှုနှင့်အထိုက်အလျောက်လဲ ပေးစပ်ရသည်ကားရှိသည်။ ထိုမိသားစုထဲသို့ရောက်လာသည့်ကလေးနှစ်ယောက်မှာတော့ သားလေးတစ်ဦးနှင့်သမီးလေးတစ်ဦး။

ဋီကာကျော် နှင့် ဒဏ္ဏာရီ မိနစ်ပိုင်းသာခြားသည့်အမွှာ။ သို့ပေမဲ့ အကျင့်စရိုက်မတူ သည့်သူနှစ်ယောက်။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်အလျောက် သားယောကျ်ားလေးဖြစ်သည့် ဋီကာကျော်ကို ဦးဉာဏကျော်မှ သူကဲ့သို့ စီးပွားရေးလုပ်စေချင်သည်။ သူ၏နေရာကိုဆက်ခံစေချင်သည်။ ထိုအတွက် ငယ်စဥ်ကထဲကပင် တင်းကျပ်စေသည်။

မောင်နှမနှစ်ယောက်လုံးအား International school မှာ တက်စေပြီး ပညာရေးကိုဂရုတစိုက်ရှိစေသည်။ တဖြေးဖြေးသိလာရသည်က ဋီကာကျော်သည် စီးပွားရေးကိုစိတ်မဝင်စားပဲ လူများကိုကယ်တင်သည့် ဆရာဝန်တစ်ယောက်သာဖြစ်ချင်သည်။ ထိုအတွက်ကြောင့် ဋီကာကျော်မှာ သူ၏ဖြစ်ချင်သည့်ဆန္ဒများကို သူ့ဖခင်အားပြောလျှင် အသားများပွန်းပဲ့သည်အထိအရိုက်ခံရလေသည်။ ဒါကို မမြင်ရသည့်အကွယ်မှချောင်းကြည့်တက်သည့် ဒဏ္ဏာရီမှာတော့ သူ့အဖေကိုမြင်ယုံနဲ့တင်ကြောက်လန့်နေတက်သည်။ထိုအတွက်ကြောင့် ဋီကာကျော်မှာ သူ၏ဖြစ်ချင်သည့်ဆန္ဒများကို သူ့ဖခင်အားပြောလျှင် အသားများပွန်းပဲ့သည်အထိအရိုက်ခံရလေသည်။ ဒါကို မမြင်ရသည့်အကွယ်မှချောင်းကြည့်တက်သည့် ဒဏ္ဏာရီမှာတော့ သူ့အဖေကိုမြင်ယုံနဲ့တင်ကြောက်လန့်နေတက်သည်။

တရက်တက္ကသိုလ်တက်ရန်ဖောင်တင်သည့်အခါ အဖေဖြစ်သူမသိအောင် ဆေးကျောင်းအားရွေးခဲ့လေသည်။ ဒါကို အဖေဖြစ်သူသိသွားချိန်မှာတော့ ဋီကာကျော်တစ်ယောက် ခလေးငယ်မဟုတ်ပါပဲအရိုက်ခံရအထိုးခံရသည့်အတွက် သူ့အဖေအားစိတ်နာခဲ့ပါတော့သည်။ ထိုစိတ်နှင့်ပင် အိမ်ပေါ်ကဆင်းသွားသည်မှာ သူ့အဖေရဲ့မျက်စိကွယ်ရာ။ ဒေါ်မိုးပပဆွေသည် သူ့သားအားတိတ်တဆိတ်ထောက်ပံ့နေမှုကြောင့်သာ ဋီကာကျော်ဆေးကျောင်းဆက်တက်ဖြစ်ခဲ့ပါသည်။ ဒါပေမဲ့ ဋီကာကျော်အိမ်ကထွက်သွားသည့်နေ့မှစ၍ ဦးဉာဏကျော်သည် သူ့သားအားအမွေဖြတ်စွန့်လွတ်လိုက်ပြီးနောက် မိသားစုစာရင်းထဲကပါပယ်ဖျတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဒဏ္ဏာရီသည် ဦးဉာဏကျော်၏တစ်ဦးတည်းသောသမ၏အဖြစ်သို့။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now