၂၀

445 37 0
                                    

၂ပတ်။ ဏရီနဲ့အဆက်အသွယ်မလုပ်ဖြစ်တာ ၂ပတ်ရှိပြီ။ ထိုနေ့က မနတ်အိပ်ယာနိုးတော့ ဘေးကစားပွဲပေါ်မှာ လက်ရေးစာလေးတစ်စောင်ထားပြီးပျောက်သွားတာ ၂ပတ်ရှိပြီ။ ဏရီတို့အိမ်ကိုသွားမေးကြည့်တော့လဲ ဏရီကိုယ်တိုင်က ရေရေရာရာမပြောပဲ အလုပ်ကိစ္စဆိုပြီး over seas ထွက်သွားသည်တဲ့။ ဏရီပြောတဲ့ရောမဘက်ကိုများထွက်သွားလေသလား။ တနေ့တနေ့ဏရီ့အကြောင်းကိုမျော်ရလွန်းလို့ သက်ပြင်းများချနေမိတာအခါခါ။ ဏရီသိလား အခုလေ ကျွန်မအခန်းထဲမှာ ဏရီ့ဓာက်ပုံတွေကနေရာတိုင်းပြန့်ကျဲနေတာ။ ဆေးလိပ်ပြာခွက်ထဲမှာလဲဆေးလိပ်ပြာတွေအများကြီးပဲဏရီ။ ဏရီကတော့နေနိုင်ပေမဲ့ ကျွန်မကမနေနိုင်ဘူးဏရီရယ်။ ​အခုလိုတွေသာဖြစ်မယ်မှန်းသိရင် အဲ့ဒီ့နေ့ကကျွန်မတစ်ညလုံးမအိပ်ပဲနေခဲ့မိမှာ။

"နိုဝယ် နင့်ကိုဒယ်ဒီကြီးကပြန်လာခဲ့ပါတဲ့ အခုပဲဖုန်းဆက်လာတယ်"

"အင်း မနတ်ဖြန်ပြန်မယ် Ella flight စီစဥ်ထားလိုက်ပါ နောက်ပြီး ဏရီ့သတင်းကိုတစ်ခုခုကြားတာနဲ့ဆက်သွယ်ပေး"

ဘီယာပုလင်းခွံတွေကြားမှာအရူးတစ်ယောက်လိုဖြစ်နေတဲ့ နိုဝယ်ကိုကြည့်ပြီး ella ကိုယ်တိုင်လဲသက်ပြင်းချနေမိတာ။ Ella နဲ့ Iris ဆိုတာ လူမှန်းသိတက်စကထဲကအတူတူလက်တွဲကြီးပြင်းလာခဲ့ရတာ။ ကြမ်းတမ်းလွန်းတဲ့နေ့ရက်တွေကို လမ်းမပေါ်မှာပဲ ဖြစ်သလိုတောင်းရမ်းပြေးလွှားဖြတ်သန်းခဲ့ရတာ။ လူကုန်ကူးတဲ့သူတွေလက်ထဲကနေ ဒယ်ဒီကြီးလို့ခေါ်တဲ့ သူတို့အသက်သခင်ကျေးဇူးရှင်ကြောင့်လွတ်မြောက်ခဲ့ရတာ။ ထိုလွတ်မြောက်မှုပြီးတဲ့နောက်ပိုင်း သူတို့ဘဝက နိုဝယ့်ကိုစောင့်ရှောက်ဖို့လေ့ကျင့်ခဲ့ရသည့်အတိုင်း။ Iris က ကွန်ပြူတာကိုကျွမ်းကျင်အောင်လုပ်ခဲ့ရပြီး သူကတော့ နိုဝယ်ဖန်တီးတဲ့ပြဿနာတွေကိုနောက်ကနေဖြေရှင်းပေးရတာ။

နိုဝယ်ကသူတို့နှစ်ယောက်ထပ်အသက်အနည်းငယ် ငယ်ပေမဲ့ ရွယ်တူကဲ့သို့ဆက်ဆံခံရလဲသူတို့ပြန်မပြောနိုင်ဘူးလေ။ ဘာလို့ဆို နိုဝယ်ဖြစ်နေခဲ့တာကို။ အခုအခြေအနေကဲ့သို့ဘယ်လိုဖြစ်သွားလဲမေးရင် အရာအားလုံးကအကြောင်းရှိလို့အကျိုးဖြစ်လာတယ်လို့ပဲစိတ်ထဲမှတ်ယူရမှာပေါ့။ ဖြစ်နိုင်ရင် နိုဝယ့်ကိုဒီစိတ်ဝေဒနါများကနေခေါ်ထုတ်ပေးနိုင်မဲ့သူက ဒဏ္ဏာရီဖြစ်နိုင်တယ်လို့ယူဆထားခဲ့တာ။ ဘာကြောင့်လဲမေးရင် နိုဝယ်က သူနဲ့ပတ်သက်တဲ့သူတိုင်းကိုဘယ်လိုဆက်ဆံလဲကိုင်တွယ်လဲဆိုတာသူမြင်နေရတာလေ။ အသက်တစ်ချောင်းကိုလွယ်လွယ်နဲ့ယူပစ်နိုင်တဲ့နိုဝယ်က လူတစ်ယောက်ကိုအကြမ်းနည်းဖြင့်သာဆက်ဆံတက်တဲ့နိုဝယ်က ဒဏ္ဏာရီနှင့်မှ ပုံစံတွေပြောင်းလဲသွားခဲ့ရတာလေ။ ထိုကဲ့သို့ မထိရက်မကိုင်ရင်မနာကျင်ရက်ဖြစ်ခဲ့တဲ့ ဒဏ္ဏာရီကိုသွားပြီးထိပါးမိတဲ့လူရဲ့အကျိုးဆက်ကတော့ မသေယုံတမယ်ဖြစ်ခဲ့ရတာပါပဲ။ အခုဆိုအဲ့လူသည်လဲ သူ့ဘဝတသက်လုံးဆေးရုံမှာပဲနေရမလားပင်။ ရှင်ရက်နဲ့သေမလိုထိဖြစ်ခဲ့သည်အထိလေ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now