၂၈

384 32 0
                                    

အခန်းထဲမှ ညီမဖြစ်သူ၏အဖြစ်ကိုကြည့်ပြီး ဋီကာကျော် တစ်ယောက်စိတ်ထဲနာကျင်နေရသည်။ လွန်ခဲ့သည့်ရက်ပိုင်းကတင် နိုဝယ်ဆိုသည့်အမျိုးသမီးကသူ့အားသတိပေးသွားသည်လေ။ ဏရီနှင့်ပတ်သက်လျှင် ထိုမိန်းခလေးဘယ်လောက်စိတ်ဓာက်ပြင်းပြသည်လဲဆိုတာမျက်မြင်တွေ့ခဲ့တာ။ ဒါပေမဲ့ သူကြားလိုက်ရသည့်သတင်းက ဏရီကသူ့ကိုယ်သူပျောက်ဆုံးနေပြီဟုမာမီကပြောလာတော့ သူစိုးထိတ်မိသွားသည်။ အရင်တစ်ခေါက်လိုပြန်ဖြစ်သည်လားဟူ၍။ တကယ်တမ်းကျ အရင်တစ်ခေါက်ကထက်စိတ်ထိခိုက်မှုကပိုဆိုးနေတာကိုသူမြင်လိုက်ရသည့်အခါ ဘယ်လိုဖြေမဆယ်နိုင်။

"သားရယ် သမီးလေးကိုကယ်ပါအုန်း သားကဆရာဝန်တစ်ယောက်မဟုတ်လား"

"သားတောင်းပန်ပါတယ်မာမီ မိုင်းရဲ့စိတ်ဒဏ်ရာတအာကြီးမားနေတာ အခုချိန်မှာတော့ဒီအတိုင်းပဲလွတ်ထားပေးတာအကောင်းဆုံးဖြစ်မှာပါ သားကိုယုံပါ"

"ဋီကာကျော်!"

သူ့ဘဝမှာ မကြာချင်ဆုံးအသံဟုပြောလျှင် ထိုအသံပါပဲ။ အထူးသဖြင့် ဒယ်ဒီ့အသံ။ အသံလေးကြားယုံဖြင့် သူ့မယ် ဒူးများခွေယိုင်ချင်မိသည်အထိ သူကြောက်ရသည့်ခေါ်ဆိုသံ။

"မင်းဒီအိမ်ကိုဘာလာလုပ်တာလဲ မင်းနဲ့ ဒီမိသားစုနဲ့က မသက်ဆိုင်တော့တာမင်းမေ့နေတာလား"

"အကို သားလေးက သမီးလေးရဲ့အခြေအနေကိုလာကြည့်တာပါအကိုရယ် အခုလိုတော့မပြောပါနဲ့"

"မင်းဝင်မပါနဲ့အသာနေစမ်းပါ ဋီကာကျော် မင်းကိုငါမေးနေတယ်လေ ဒီအိမ်ကိုဘာလာလုပ်တာလဲလို့ ငါမေးတာကိုဂရုမစိုက်တာလား"

သူရန်ကုန်ရောက်ရောက်ချင်း မာမီတို့အိမ်ကိုလာခဲတာ။ အစကမလာဖို့လုပ်ပေမဲ့ ဒယ်ဒီနေပြည်တော်ခရီးသွားနေရသည်ဟုမာမီပြောသောကြောင့် ဒယ်ဒီမရှိတုန်း မိုင်းရဲ့အခြေအနေကိုလာကြည့်တာပါ။ ဒါပေမဲ့အချိန်ကိုက်ပင်ဒယ်ဒီကရောက်ချလာခဲ့သည်။

"ကျွန်တော် ဒီအိမ်ကိုပြန်လာတာပါဒယ်ဒီ အထူးသဖြင့် ညီမလေး မိုင်းကိုစောင့်ရှောက်ဖို့ မာမီ့ကိုစောင့်ရှောက်ဖို့ကျွန်တော်ပြန်လာတာပါ"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now