၂၃

420 40 0
                                    

ပုံမှန်နေ့ တွေလိုပါပဲ။ ဏရီဟာ မနတ်ခင်းကို Gyn သွားပြီးကစားတယ်။ ပြီးရင်အိမ်ပြန်ကာရေချိုးပြီးမှအလုပ်ကိုသွားတယ်။ အလုပ်ကအပြန်ဆို လေ့ကျင့်ရုံသွားကာ ကိုယ်ခံပညာသင်ယူတယ်။ နိုဝယ်သည်လဲ ဒယ်ဒီကြီးခိုင်းထားသည့်ကိစ္စများကိုနောက်ကနေသေချာလိုက်လုပ်ပေးတယ်။ သူလုပ်ရမည့်အလုပ်တွေကိုမှန်မှန်ပြုလုပ်ပေးတယ်။ ဒါပေမဲ့ ဏရီနဲ့ နိုဝယ်တွေ့ချိန်က တစ်ရက်မှာ အိပ်ချိန်တစ်ခုစာလောက်ပဲရှိနေပြန်တယ်။ နှစ်ယောက်လုံးကအလုပ်ကိုဖိလုပ်နေသည်တိုလဲပိုမှန်ပါလိမ့်မည်။

ထူးခြားသွားသည်ဆိုလျှင် ဏရီသည် ဟိုတယ်တစ်ခုကိုအမြဲအဝင်အထွက်ပြုနေခဲ့သည်မှာ တစ်ပတ်ကျော်ကြာမြင့်နေခဲ့ပြီး ပုံမှန်အလုပ်ကိစ္စဆိုလာလျှင် အတွင်းရေးမှုးပါမည်ဖြစ်ပေမဲ့အခုတော့ ဏရီတစ်ယောက်ထဲသာကားမောင်းသွားသည်။ ထို့ကြောင့် ဏရီ့ကိုမေးမြန်းလိုက်ချင်ပေမဲ့ သူ့နောက်ကနေလိုက်ကြည့်နေသည်ပြောမည်ဆိုး၍ နိုဝယ်ဘာမှမပြောနိုင်ခဲ့ပေ။ ဏရီကပင်ပန်းသည်ဟူသေူအကြောင်းပြချက်နှင့်သာ စောစောအိပ်လေ့ရှိတယ်။ နိုဝယ်ကသာအတွေးကမ္ဘာထဲကျန်နေခဲ့တာ။

ထိုနေ့က ပါတီတစ်ခုရှိတယ်ဆို၍ ဏရီအိမ်ပြန်မလာခဲ့ပါ။ မိဘအိမ်ပြန်မည်ထင်ခဲ့သော်လဲ သူနောက်ကလိုက်ကြည့်သည့်အခါ ဏရီသည် အမျိုးသားတစ်ယောက်၏ကားပေါ်လိုက်ပါသွားတာမြင်တွေ့လိုက်ရသည်။ ထိုအချိန် ဏရီ့ဖုန်းကိုတောက်လျောက်ခေါ်နေမိသော်လဲ စက်ပိတ်ထားသည်နှင့်တိုးသည်။ မသင်္ကါ၍သူတို့နောက်လိုက်ကြည့်သည့်အခါ ဏရီသွားနေကျဟိုတယ်ဖြစ်နေပြန်သည်။

အစိုးမရသည့်စိတ်ကြောင့် ဓာက်လှေကားထဲဝင်ခါနီးဆဲဆဲ ထိုလူကိုင်ထားသည့် ဏရီ့လက်မောင်းနှင့် ဖတ်ထားသည့်ဏရီ့ခါးပေါ်မှာလက်များကိုဖယ်ထုတ်ကာ မူးနေဟန်ရှိသည့် ဏရီ့အားသူ့ဆီသို့မှီတွယ်ထားလိုက်လေသည်။

"What the hell who you are?"

"Her Wife! don't touch my girl if you won't to die here"

"What!"

ဟိုလူဘယ်လိုဖြစ်ကျန်ခဲ့သည်ဆိုတာကိုရရုမစိုက်နိုင်အား။ ဏရီ့ကိုဒီနေကာကနေခေါ်ထုတ်သွားဖို့ကိုသာသူစိတ်ရောက်နေသည်။ ထိုလူ့မျက်ဝန်းတွေကိုရင်းနီးနေပေမဲ့ ဘယ်သူမှန်းစဥ်းစားမရခဲ့ချေ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now