၃၇

477 44 0
                                    

မနတ်ခင်းမှာ ချစ်ရသူကိုဦးစွာမြင်တွေ့ရတာဘယ်လောက်ကြည်နူးဖို့ကောင်းပါသလဲ။ တစ်ညလုံး ဏရီ့ရင်ခွင်ထဲမှာအိပ်စက်ခဲ့တာ။ အိပ်မတ်ဆိုးတောင်မမတ်ခဲ့တဲ့ညတစ်ညပါပဲ။ ဏရီကထိုမျှလောက်ထိ စိုးမိုးထားတာလေ။ တကယ်ဆိုအခုထိမယုံနိုင်သေး၍ မနတ်အိပ်ယာနိုးကထဲက အိပ်မတ်များဖြစ်နေမလားဟု ကိုယ့်အသားကိုဆွဲဆိတ်နေမိသည်အထိ။ ကြာရင်ရူးတော့မယ်ဏရီရေ ဟုသာအော်ပြောလိုက်ချင်ပါသည်။

မျက်ခွံများမိတ်ကာအိပ်ပျော်နေသည့်ဏရီ့ကို အိပ်ယာနိုးကထဲကငေးကြည့်နေမိခဲ့တာ။ ဏရီ့မျက်နှာအချိုးအစားလေးကိုသူတမေ့တမောငေးကြည့်နေခဲ့မိတာ။ ဒီရင်ခွင်ငယ်ကိုသူဘယ်လောက်လွမ်းလိုက်ရသလဲ။ သူ့ဘေးမှာဏရီရှိနေသည်ဆိုတဲ့အသိနဲ့တင် သူ့ဘဝဟာပြည့်စုံနေပြီလို့ခံစားမိသည်အထိ။ ခပ်သာသာလေး ဏရီ့ရင်ခွင်ထဲကထွက်ဖို့လုပ်တော့ ခါးနားကတင်းတင်းဖတ်ခံလိုက်ရတဲ့ခံစားချက်ကြောင့်သူ့မယ် အင့်ခနဲ။

"မထနဲ့အုန်းကွာ တို့တစ်ညလုံးရင်ခုန်နေတာနဲ့တင် ကောင်းကောင်းမအိပ်ရသေးဘူး အခုနေ ဒီအိပ်ယာထဲကထဖို့လုပ်မယ်ဆို နေ့လည်စာပါလွတ်မယ်နော်ကောင်မလေး"

"ဟာ မနတ်ခင်းကြီးဘာတွေပြောနေတာလဲဏရီရယ် ကျွန်မက မနတ်စာလေးလုပ်ပေးမလို့ထမလို့ပါလို့"

ဏရီ့အပြောကြောင့် နိုဝယ့်မျက်နှာမှာထူပူလာသလိုပင်ခံစားလိုက်ရသည်။ ထို့ပြင်ဏရီကသူ့ကိုဖတ်ထားသည်အားလွတ်မပေးသည့်အပြင်သူ့ကိုပါပြန်အိပ်ခိုင်းနေပြန်သည်။

"မသိဘူးကွာ တို့ဒီလိုလေးခဏနေချင်သေးတယ် အချစ်က အစောကြီးနိုးပြီးအငြိမ်မနေဘူးလေ သူများနမ်းလာမလားစောင့်နေတာ အခုတော့ ဒီတိုင်းထားပြီးမနတ်စာကိုဦးစားပေးတော့မယ်ပေါ့"

လူစားလဲခံလိုက်ရတဲ့ဏရီများလား တကယ်ဆို သူကနမ်းချင်လွန်းလို့။ ဏရီနိုးသွားမည်ထင်၍သာမနမ်းဖြစ်ခဲ့တာ။ အခုလိုကြားလိုက်ရတော့ ရင်ထဲပန်းရောင်လှိုင်းလေးတစ်ခုကဖျတ်ပြေးနေလေရဲ့။

ခပ်မြန်မြန်ပဲ ဏရီနှုတ်ခမ်းပါးလေးမှာနွေးသွားရသည်။ အနမ်းခံလိုက်ရခြင်းကြောင့် ဏရီ့မျက်ခွံများပွင့်လာခဲ့ပြီး သူ့အားအပေါ်မှပြန်အုပ်မိုးကာအနမ်းမိုးရွာနေလေရဲ့။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now