Part-8

4.6K 158 9
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၈)

"တာရာတို့ မှိုင်းအိမ်သွားမှာမဟုတ်ဘူးလား"

မိဘမဲ့ဂေဟာဆိုသည့်ဆိုင်းဘုတ်ကိုဖတ်ပြီး ငိုမဲ့မဲ့နှင့်မေးလာရှာသော တာရာ။ သို့သော် မှိုင်းကာပြတ်သားလှပါသည်။

"မဟုတ်ဘူး ဒါမင်းနေရမဲ့နေရာပဲ..."

"ဒီမှာတာရာနေရမယ် ဟင့်အင်း နေချင်ဘူး.."

ကြေးနီရောင်အဆောက်အဦးကိုကြည့်ရင်း တာရာအကြောက်အကန်ပင် ခေါင်းခါလိုက်တော့ မှိုင်းက.

"မနေလို့မရဘူး တာရာနှင်းမြူ.. မင်းကမိဘမဲ့တစ်ကောင်ကြွက် ဘယ်သူကမှမင်းတာဝန်မယူနိုင်ဘူး ရှေ့ဆက်မင်းဒီမှာပဲ နေသွားရမယ်.."

"ဟင်.."

မှိုင်းစကားကအညှာတာမဲ့လှ၏။ တာရာမျက်နှာလေးပြိုတော့မည့်မိုးနှယ် အုံ့မှိုင်းသွားရှာပြီး

"မမဟေဒီပြောတော့ တာရာကတစ်ကောင်ကြွက်မဟုတ်ဘူး မိသားစုရှိတယ်တဲ့.."

"အခု မင်းမမဟေဒီဘယ်မှာလဲ သူတောင် မင်းကိုထားခဲ့တာပဲမဟုတ်လား..."

ဒီစကားကြားတော့ တာရာခမျာမျက်ရည်လေး လည်ကျလာရှာ၏။ မှိုင်းကိုလည်း အားကိုးတကြီးကြည့်လိုက်ရင်း

"တာရာက ဘာလို့ မှိုင်းနဲ့နေလို့မရသလဲဟင်"

"ငါက မနေစေချင်လို့ပဲတာရာ.. မင်းကိုအလုပ်ရူပ်ခံပြီး ငါခေါ်မထားနိုင်ဘူး ငါနဲ့နေရဖို့ ဒီတစ်သက်စိတ်တောင်မကူးနဲ့.."

ဘယ်လောက်တောင်ရက်စက်သည့်မှိုင်းလဲ။ တာရာ့မျက်ဝန်းလေးမှမျက်ရည်တွေ ရစ်ဝဲလာသည်မှာကော့ရှည်နေသောမျက်တောင်ထိပ်များပင် စိုစွတ်နေသည်အထိ။

သို့သော်မကြင်နာတတ်သည့်မှိုင်းကာ မျက်နှာထားတင်းတင်းနှင့်ပင်

"ကားပေါ်မှဆင်းတော့..."

"ဒါပေမဲ့ ကိုကြီးကောင်းမာန် ရှိသေးတာပဲလေနော် တာရာ့ကိုမှိုင်းမနေစေချင်ရင် တာရာကိုကြီးကောင်းမာန်နဲ့နေမယ်လေ.."

ငိုချတော့မလိုမျက်နှာလေးနှင့် တာရာကာ မျှော်လင့်ချက်အချို့ဖြင့် အသနားခံလိုက်ပါသော်လည်း..

🖤Until the End of Time 🖤 Where stories live. Discover now