Part-64 🔞

4.9K 141 4
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၄)🔞

"အင်း..."

အိပ်ရာပေါ်လူးလွင့်လာရင်းနှင့်တာရာနိုးလာသည်။ နူးညံ့အိစက်လှသည့်အိပ်ရာပေါ်မှ တစ်ယောက်တည်းရှိနေသည်ကိုသတိပြုမိတော့

"မှိုင်း"

နှုတ်ကအလိုလိုခေါ်မိသည့်နာမည်လေး။ ဘယ်လောက်တောင်မြတ်နိုးရသည့်နာမ်စားလေးလဲ။ မျက်လုံးဖွင့်သည်နှင့် ဒီနာမည်ကိုပဲ တမ်းတနေရသည်။

"ဝေါ.."

ရေကျသံသဲ့သဲ့ကြောင့် မှိုင်းရေချိုးခန်းထဲရှိနေမည်ကိုတွေးလိုက်သည်။ အိပ်ရာပေါ်အပျင်းကြောဆန့်နေရင်းမှ ရုတ်တရက်ခေါင်းထဲပေါ်လာသည့်အကြံကြောင့် တာရာ့နှုတ်ခမ်းလေးတွေကပြုံးကျသွားသည်။

အကြံအစည်ကြီးမားလှသည့်ခြေလှမ်းတွေက ရေချိုးခန်းရှိရာသို့ တိတ်တဆိတ်ချည်းကပ်သွားတော့သည်။ ရေချိုးခန်းတံခါး၏အပေါ်၌ မှန်အကာလေးရှိသည်။ ထိုမှန်ကနေတစ်ဆင့် အထဲကိုချောင်းကြည့်နိုင်ကောင်းပါရဲ။ အတော်မြင့်သည့်နေရာတွင်ရှိနေသည့်အတွက် ဒီအတိုင်းကြည့်လို့တော့မရပါ။ တာရာခုံလေးခုကာ တက်လိုက်သည်။ ပြီးနောက်ချောင်းမလို့ ပြင်ရုံရှိသေးသည်။

"ကျွီ.."

ရေကျသံရပ်သွားသလို တစ်ပြိုင်နက်မှာပင် ရေချိုးခန်းတံခါးကလည်း ဖျပ်ခနဲ့ပွင့်လာရာ

"အမေ့"

"တာရာ"

လန့်ဖျပ်ကာ လဲကျမလိုဖြစ်သွားသည့်တာရာ့ကို မှိုင်းကအချိန်မီလှမ်းဆွဲလိုက်သည်။ ရေကောင်းစွာမသုတ်ရသေးသဖြင့် ရေစက်တွေနှင့်စိုနေသော မှိုင်းရင်ခွင်ထဲကို တာရာအိခနဲ့ပင် ပြုတ်ကျသွားသည်။

တောင့်တင်းကြံ့ခိုင်လှသောခန္ဓာကိုယ်ကြွက်သားတွေကို မစိုတစိုရေစက်လေးတွေနှင့် တွဲမြင်ရသည််မှာ လှလွန်းလှပါသည်။ ခန္ဒာကိုယ်ပေါ်၌ ရေးထိုးထားသည့် ထပျံတော့မယောင် အသက်ဝင်နေသည့်လင်းယုန်ဌက်တက်တူးကအစ ကြည့်မဝရှူမဝချင်စရာကောင်းနေပါတော့သည်။ Bodyအကောင်းစားကြီး၏မိမိုက်နေမှုက တာရာ၏အမြင်အာရုံကို ဆွဲဆောင်နိုင်လွန်းလှသဖြင့် ရင်ခွင်ထဲပြုတ်ကျတုန်းလေး ကောင်းကောင်းနှင့် ငြိမ်နေမိသည်။

🖤Until the End of Time 🖤 Where stories live. Discover now