Part-24

3.6K 198 13
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၂၄)

မှိုင်း..

ဟုတ်ပါသည်။ မီးခိုးရောင်သန်းနေသည့်လှိုင်းတွန့်ဆံနွယ်တို့ကို ထုံးဖွဲ့ထားပြီး စူးလက်သောအကြည့်ရိုင်းတွေရှိသည့် အဆိုပါပုဂ္ဂိုလ်ဟာ တာရာ၏မှိုင်းဆိုတာ ဘယ်လိုမှမမှားနိုင်ပါ။

မီးခိုးရောင်ရှပ်အင်္ကျီရှည်ကို လက်တင်ခေါက်ထားပြီး ကျော့ရှင်းနေသည့်ဂျင်းpantအနက်၊ ပြောင်လက်နေသည့် shoeဖိနပ်အနက်ကို စီးထားသော မှိုင်း..။

ဆံနွယ်တွေကိုအပြောင်သိမ်းပြီး ထုံးဖွဲ့ထားတော့ ရှင်းသန့်ချောမောနေသည့်မျက်နှာကို အထင်းသားမြင်နေရသည်။ ထူထဲသော မျက်ခုံးတန်းတွေအောက် မျက်ဝန်းစူးစူးတွေအေးစက်တည်ငြိမ်နေလိုက်ပုံများ ဟိုးအရင်ကအတိုင်း မပြောင်းမလဲပင်။ ချွန်လျလျနှာတံအောက်ရှိ ပိရိသေသပ်သည့်နှုတ်ခမ်းတို့ တင်းတင်းစေ့ထားပုံကလည်း ကျားရိုင်းတစ်ကောင် ခုန်အုပ်တော့မည့်အလား စိတ်ကိုလှုပ်ခတ်သွားအောင် ကိုင်လှုပ်နိုင်လွန်းလှ၏။

(၃၀)ကျော်ရှိသည့်အရွယ်နှင့် မလိုက်အောင် နုဖက်ချောမောနေသောမှိုင်းဟာ ဟိုးအရင်က တာရာမြင်ဖူးနေကျ လူငယ်အသွင်မျိုးနှင့်တော့ မဟုတ်တော့ပါ။ သို့သော် တည်ကြည်ခန့်ညားမှုတွေပေါင်းစပ်ပြီး ပို၍ကြည့်ကောင်းလာ၏။ ပို၍ငေးမောချင်စရာကောင်းသည့်ဆွဲဆောင်မှုတွေရှိလာ၏။

ကြည့်ပါလေ.. တာရာရဲ့မှိုင်းက လွန်လေသော တစ်နှစ်ကျော် နှစ်နှစ်နီးပါးကာလတုန်းကထက် အများကြီး ပိုချောမောခန့်ညားလာသည်ပဲ။ တည်ငြိမ်ရင့်ကျက်မှုတွေနှင့် အထာကျလှသည့် မှိုင်းသည် လက်တစ်ဖက်ကလည်း စီးကရက်ကိုကိုင်ထားပြန်သေးသည်။

ဟုတ်တာပေါ့.. တမင်တကာစတိုင်လ်ထုတ်ခြင်းမဟုတ်ဘဲ စီးကရက်လက်ကြားထဲခဲထားတတ်သည့်မှိုင်းပုံစံက အလိုလိုနေရင်းကို အထာကျနေသည်မှာ ဟိုးအရင်ကအတိုင်းပါပဲ။

တာရာ့အတွက်ကလည်း ဘယ်ချိန်ပဲမြင်လိုက် မြင်လိုက် မျက်တောင်မခတ်နိုင်အောင်ကို စွဲညှို့နိုင်စွမ်းရှိလှသည့် အလှနတ်ဘုရားပင်။

🖤Until the End of Time 🖤 Where stories live. Discover now