Part-56

2K 116 5
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၅၆)

ကောင်းမာန်

သူ့တစ်ကိုယ်လုံးသွေးတွေချင်းချင်းနီနေသည်။ လူတစ်ယောက်ပြီးတစ်ယောက်သတ်လာသဖြင့် သွေးညှီနံ့တွေနှင့် အတော်စိတ်ပျက်စရာကောင်းနေ၏။ နှစ်ရက်လောက်မအိပ်ဘဲ လူငါးယောက်ကို မသေမချင်းလိုက်သတ်ခဲ့တော့ လူကလည်းနုံးချိကာ ပင်ပန်းနေသည်။

သို့သော် သူနား၍မဖြစ်ပါ။ သူ့အလုပ်တွေက လက်စမပြတ်သေးဘူးလေ။ အဓိကတရားခံ မိုက်ကယ်ကို လက်တုန့်ပြန်ဖို့ လိုသေးသည်။ သူကမိုက်ကယ်ကိုတမင်အရင်မသတ်ဘဲထားသည်။ ဒီအယုတ်တမာကောင်ကိုကျ နောက်ဆုံးမှ စိတ်ပြေနပြေသတ်ရမည်မဟုတ်လား။ ဒီကောင်နှင့်ထိုက်တန်သည့်သေခြင်းတရားကို သူကောင်းကောင်းစီစဉ်ထားပြီးသားဖြစ်သည်။ ယခုသူအကောင်အထည်ဖော်တော့မည်။

အရင်ဆုံး သူပိုင်သည့်တိုက်ခန်းတစ်ခုမှာ ခဏသွားအိပ်လိုက်သည်။ သူအိပ်စက်ဖို့ လိုနေသည်လေ။ သွေးချင်းချင်းနီနေသည့်အဝတ်အစားနှင့်ပင် အိပ်ရာပေါ်မှောက်လျက်သား အိပ်ပျော်သွားသည်။ အိပ်မက်ထဲ၌ပင် ကလျာ၏နာနာကျင်ကျင်အော်ဟစ်ငိုကြွေးသံတွေကို မြင်မက်ခဲ့သည်။ စိတ်တွေနုံးချိပြီး ခါးသက်သွားသည်မှာ ဆိုဖွယ်ရာမရှိပါ။ သို့သော် တမှေးအိပ်လိုက်ရ၍ထင်သည်။ ပြန်နိုးလာတော့ လူကလန်းဆန်းသွားသည်။ သူရေမိုးချိုးအဝတ်အစားလဲပြီး Suitတစ်စုံကောက်လဲလိုက်၏။

ဒီညသူကြည့်ကောင်းနေဖို့ လိုအပ်သည်လေ။ အကောင်းဆုံးလက်တုန့်ပြန်ရမည့်ညကို။ သေနတ်ကျဉ်တွေကိုစစ်ပြီး ကောင်းမာန်တစ်နေရာသို့ ထွက်လာလိုက်၏။ မိုက်ကယ်ရှိနေသည့်နေရာ..။

သို့သော်မိုက်ကယ်က ၎င်း၏လျှို့ဝှက်တိုက်ခန်းတွင်ရှိမနေပါ။ သူရောက်လာမည်မှန်းသိ၍ တစ်နေရာသို့ ရှောင်ထွက်သွားပုံရသည်။ တိုက်ခန်းတွင် ပျော်ပါးယစ်မူးနေသောမိုက်ကယ်၏လူအချို့ကို တွေ့လိုက်ရသည်။ ထိုအထဲ၌ မိုက်ကယ်၏မိခင်ကိုလည်းတွေ့ရသည်။ လူယုတ်မာကောင်၏အမေဟုမဆိုရပါ။ ၎င်းကိုယ်တိုင်က ပျော်ပါးပျက်ဆီးနေတော့သည်။

🖤Until the End of Time 🖤 Where stories live. Discover now