Part-31

3.1K 175 12
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၃၁)

"ကလင်း... ကလင်း"

ဖုန်းမြည်သံကြောင့် ကောက်ကိုင်လိုက်တော့ အန်တီမွန်ထံမှ ဖြစ်သည်။

"အန်တီတို့မနက်ဖြန်ပြန်လာတော့မယ်လို့ လှမ်းပြောတာသမီးရေ.."

ထိုစကားကြားတော့ တာရာတစ်ယောက်အထိတ်တလန့်ဖြစ်သွားရတော့သည်။ မိမိ၏missionက ဘာတစ်ခုမှမအောင်မြင်သေးသည်ကို။

ဘုရားရေ.. အန်တီမွန်တောင်ပြန်လာတော့မယ်။ အခုထိ loveအခန်းမပြောနဲ့။ kissလေးတောင် မရသေးဘူး။ မဖြစ်ဘူး.. ကြံစမ်း တစ်ခုခု ကြံစမ်း တာရာ။

ဉာဏ်နီဉာဏ်နက်ထုတ်ရာ၌ အင်မတန်တော်သော မိမိ၏ဦးနှောက်က ဖျပ်ခနဲ့ပင် အကြံတစ်ခုပေါ်လာရာ

"အာ.. အန်တီမွန်ကလည်း အလောတကြီး ပြန်လာစရာမလိုပါဘူး တစ်ခါတလေမှ ရွာပြန်ရတာကို အေးအေးဆေးဆေး အနားယူပါ"

"ဒါပေမဲ့ အိမ်ကိုအကြာကြီးပစ်ထားလို့လည်း မကောင်းဘူးလေ သမီးရယ်

"ဒီမှာအားလုံးအဆင်ပြေပါတယ် အန်တီမွန်ရဲ့ ပြန်မလာပါနဲ့ဦး ရွာမှာဆက်နေနော်"

"နေချင်ပေမဲ့လည်း သခင်လေးမှိုင်းက စားရေးသောက်ရေးခက်နေတော့မယ်"

"ခက်ပါဘူး ဒီခေတ်ကြီးမှာ online ကနေအိမ်အရောက်ပို့ဆောင်ပေးတာတွေ အများကြီးမှ အများကြီးရှိတယ် ပိုက်ဆံရှိရင် ထမင်းတောင် လာခွံ့ကျွေးတဲ့ခေတ်ကြီးပါ မှိုင်းက ပိုက်ဆံအများကြီးရှိတယ် အန်တီမွန်ရဲ့"

"ဟုတ်တော့ဟုတ်တာပေါ့ကွယ် ဒါပေမဲ့ သခင်လေးကအပြင်စာတွေထက် အိမ်ချက်ပိုကြိုက်တာ သမီးလည်းသိတာပဲ မဖြစ်ပါဘူးအေ. မနက်ဖြန် ပြန်လာခဲ့မယ်"

ဟာ.. ဒီအန်တီမွန်ကတော့ အလိုက်မသိပါလား။ သူ့ကျ ယောင်္ကျားယူထားပြီး သူများယောင်္ကျားရမဲ့planကို ဖျက်လို့ဖျက်ဆီးလုပ်ချင်နေတယ်။

တာရာမကျေမနပ်တွေးပြီး ခေါင်းကလည်း အခြားအကြံတစ်ခုပြောင်းလိုက်ကာ

"မဟုတ်ဘူး အန်တီမွန်ရဲ့ တကယ်ကမှိုင်းကလေ အိမ်မှာအေးအေးသက်သာအနားယူချင်နေတာ အလုပ်တွေတအားပင်ပန်းထားတော့လေ လူရူပ်တာကိုမကြိုက်ဘူးဖြစ်နေတယ်"

🖤Until the End of Time 🖤 Where stories live. Discover now