Part-28

3.1K 189 14
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၂၈)

"ဟား ဟား ဟား.."

မှိုင်းနှင့် ရင်သားကြီးဆေးအကြောင်း အဖြစ်အပျက်အကြောင်းစုံကိုလည်းကြားပြီးရော ကောင်းမာန်မှာ ခွက်ခွက်လန်အောင် ရယ်နေတော့သည်။

တာရာက ရယ်မဆုံးဖြစ်နေသည့်ကောင်းမာန်ကို မျက်စောင်းလေးထိုးလိုက်ရင်းနှင့်

"ဒီလောက်ရယ်စရာကောင်းလို့လား.. ဟွန့်"

"ကောင်းတာပေါ့.. နင်ကရောဘာကိစ္စ အဲ့ဒီလိုဆေးမျိုးကို မှိုင်းနာမည်နဲ့မှမှာရတာတုန်း"

"တာရာ့နာမည်နဲ့ဆို ရှက်လို့ပေါ့"

"ဘာ.."

မှိုင်းအသံက ဟိန်းထွက်လာပြီး အကြည့်တွေကလည်း သူမထံစူးခနဲ့ရောက်လာသဖြင့် တာရာ ဇက်ကလေးပုသွားရင်း

"ဟုတ်ဘူး.. ဟုတ်ဘူး တာရာပြောချင်တာက တာရာက တစ်ခုခုဆိုမှိုင်းနာမည်ပြောရတာ အကျင့်ပါနေလို့လေ အဲ့ဒါကြောင့် နာမည်ဆိုလို့ မှိုင်းလို့ပဲပေးမိတာ တမင်လုပ်တာမဟုတ်ပါဘူးနော်"

"မင်းကျပ်ကျပ်သတိထား.."

"ဟုတ်.. တာရာကျပ်ကျပ်သတိထားပါမယ်"

မျက်နှာငယ်လေးနှင့်ပြန်ဖြေနေပုံကလည်း မသိလျှင် တမင်ရွဲ့နေသလို။ ကောင်းမာန်က ရယ်နေရင်းမှ

"ဒါနဲ့နေပါဦး.. နင်က ရင်သားကြီးဆေးကို ဘာလို့ဝယ်ရတာတုန်း ဘာလုပ်ဖို့လဲ"

"ဘာလုပ်စရာရှိလို့လဲ သူသုံးမလို့နေမှာပေါ့"

မှိုင်းက တာရာ့ကိုမေးငေါ့ရင်း နှုတ်ခမ်းမဲ့လျက် ဆိုလိုက်တော့ တာရာမှာမျက်နှာရဲရဲနှင့်

"ဟုတ်ပါဘူး.. တာရာပြောပြီးပြီလေ တာရာ့သူငယ်ချင်းက ဝယ်ခိုင်းလို့ပါဆို"

"အင်း.. ငါယုံတယ်"

"တကယ်ပါဆို မှိုင်းနော်.."

"ငါလည်းဘာပြောနေလို့လဲ"

"မှိုင်းပုံစံကအသိသာကြီးကို.."

မှိုင်းက ပုခုံးတစ်ချက်သာတွန့်လိုက်သည်။ ကောင်းမာန်ကလည်း သူမကို မသင်္ကာဟန်ဖြင့် မေးလိုက်သည်။

🖤Until the End of Time 🖤 Where stories live. Discover now