Part-82

1.1K 77 5
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၈၂)

"မှိုင်း မင်းကွာ ငါဒီလောက်တားနေရက်နဲ့ကွာ သွားဖြစ်အောင်သွားသေးတယ် ငါသာအချိန်မီရောက်မလာရင် မင်းသေသွားနိုင်တယ်သိလား"

ကောင်းမာန် ဒဏ်ရာတွေဗလဗွနှင့်မှိုင်းကိုကြည့်ပြီး စိတ်မသက်သာစွာဆိုလိုက်သည်။ တာရာ့ဆီသွားမည်ဟုပြောစဉ်က သူတတ်နိုင်သမျှတားခဲ့သေးသည်။ မျက်စိတမှိတ်အတွင်းကို ဘယ်လိုထွက်သွားလိုက်မှန်းကိုမသိပါ။ တော်သေးသည်။ သူအချိန်မီရောက်သွားနိုင်ခဲ့ပေလို့။

မှိုင်းကသူ့စကားကို ဘာမှမတုန့်ပြန်ပါ။ အံကြိတ်လျက်နှင့် ငြိမ်သက်နေသည်။ ကောင်းမာန်သက်ပြင်းချလိုက်ရင်း

"ငါမင်းအတွက် ဆရာဝန်​ခေါ်ထားပေးတယ် ခဏနေသူရောက်လာတော့မယ်"

"မလိုဘူး"

"မှိုင်း..."

"ဒီဒဏ်ရာနဲ့ငါသေမသွားဘူး"

မှိုင်းက ခပ်ဆတ်ဆတ်ဆိုပြီး ဒယီဒယိုင်ထကာ သွားယူလာသည်က အရက်ပုလင်းတစ်လုံး။

"ဒါပေမဲ့..."

"မင်းထွက်သွားတော့ ငါတစ်ယောက်တည်းနေချင်တယ်"

"မင်းအရက်တွေအများကြီး မသောက်သင့်ဘူး"

".............."

"ဟုတ်ပါပြီ အရက်လျှော့သောက်ပါ ငါအပြင်မှာပဲရှိနေမယ်"

မှိုင်းဘယ်လောက်ခေါင်းမာမှန်းသိထားသည်ဖြစ်၍ ကောင်းမာန်လည်း ဘာမှမပြောသာတော့ဘဲ ထွက်လာလိုက်သည်။

တစ်ယောက်တည်းကျန်ခဲ့သည့်အခါ၌ မှိုင်းသည်ပြင်းရှရှအရက်ကို အစိမ်းလိုက်မော့ချပစ်လိုက်သည်။ ပူလောင်ပြင်းပြသည့်အရက်က သူ့လည်ချောင်းတစ်လျှောက်စီးဝင်လာသည့်တိုင် ယိုဆင်းနေသည့်သူဒဏ်ရာတွေကိုတော့ သွေးမတိတ်စေနိုင်ခဲ့ပါ။ နေသာနိုင်တယ်ဆိုရုံလေးမျှသာရှိပါသည်။

"ကိုယ့်မိဘကိုရက်ရက်စက်စက်သတ်ခဲ့တဲ့ယောက်ျားကိုမှ အရူးအမူးစွဲလမ်းနေတဲ့တာရာနှင်းမြူမဖြစ်ချင်တော့ဘူး"

🖤Until the End of Time 🖤 Donde viven las historias. Descúbrelo ahora