Part-45

2.5K 155 4
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄၅)

ဟေသုမဒီ

သူအမြင်မမှားပါ။ မတွေ့ရသည့်ကာလရှည်အတွင်း သူမအသွင်က အတော်လေးပြောင်းလဲသွားသော်လည်း ခါးထိဝဲကျနေသည့်ဆံနွယ်ညိုတွေနှင့် သူမကတော်တော်လှလာသလို အရင်ကထက်လည်း ပိုရင့်ကျက်တည်ငြိမ်နေ၏။

ကြည့်လေ.. သူကသာစိတ်လှုပ်ရှားပြီး ဘာလုပ်ရမှန်းမသိအောင် တုန်လှုပ်နေမိသည်။ သူမကတော့ သူ့ကိုမြင်သည့်တိုင် နှုတ်ခမ်းတွန့်ရုံမျှသာပြုံးလျက် ခေါင်းညိတ်ပြီး တည်တည်ငြိမ်ငြိမ်လေးပင် နှုတ်ဆက်သည်။ ပြီးနောက် ဘာခံစားချက်မှမရှိသကဲ့သို့ မျက်နှာလွှဲချသွား၏။

အင်း.. ဟေသုမဒီပီသပါတယ်လေ။ အမြဲတမ်း သွေးအေးတည်ငြိမ်နေတတ်သည်မှာလည်း ဟိုးအရင်ကအတိုင်း မပြောင်းမလဲပါလား။

ထိရှသွားသည့်နာကျင်မှုတွေနှင့်အတူ မာနတရားတို့သည် ရင်ကိုပါးပါးရိုက်ခတ်လာတော့ ကောင်းမာန်လည်း ခပ်စိမ်းစိမ်းပြုံးမိပြီး

"အော်.. ရောက်ပြီကို ဘယ်တုန်းကရောက်နေသလဲ"

"သုံးလေးရက်ရှိနေပြီ"

"ဟုတ်လား.. ဘယ်မှာနေသလဲအခုက"

"အသိသူငယ်ချင်းတစ်ယောက်အိမ်မှာပါ"

"ဒီမှာပဲနေဖြစ်တော့မယ်လို့ကြားတယ်"

"ဟုတ်တယ် အပြီးပြောင်းလာတာပါ"

"မဟေဒီက တာရာတို့နဲ့လာနေမှာ.."

တစ်ခွန်းမေးတစ်ခွန်းဖြေပြီး သွေးအေးနေကြသည့်သူတို့ကြား ဝင်ဖျက်လိုက်သည်က တာရာ။ မြူးကြွပျော်ရွှင်စွာပင် ဟေဒီ့လက်ကို ဖက်တွယ်ထားရင်း

"ဟုတ်တယ်နော်.. မမဟေဒီ"

"နေလို့မရဘူးလေ တာရာရဲ့"

"ဘာလို့နေလို့မရသလဲဟင် တာရာကမမနဲ့အတူနေချင်ကို.."

ငိုမဲ့ငိုမဲ့နှင့်မေးလာသည့်တာရာ့ခေါင်းလေးကို ဟေဒီအသာပွတ်သပ်ပေးမိရင်းနှင့်

"မမကကိုယ့်အိမ်မှာပဲကိုယ်နေရမှာပေါ့ ကလေးရဲ့ သူများအိမ်မှာကပ်နေလို့မရဘူးလေ"

🖤Until the End of Time 🖤 Where stories live. Discover now