Part-43

2.9K 199 6
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄၃)

"မှိုင်း..."

အလုပ်လုပ်နေသည့်သူ့အနားကိုရောက်လာပြီး ပေါင်ပေါ်ထိုင်ကာ လည်ပင်းကိုသိုင်းဖက်လိုက်ဟန်က တကယ့်ကိုချွဲချွဲနွဲ့နွဲ့လေး။

"နေကောင်းပြီလား"

"ဟုတ်.. "

ဟုတ်ဟုဆိုပြီး မျက်လုံးရွဲတွေနှင့်ကြည့်နေတော့ သူမတစ်ခုခုလိုချင်နေမှန်းသိလိုက်သည်။

"ဘာပြောစရာရှိလို့လဲ"

"တာရာ hotpot စားချင်တယ်"

"အင်း... စားလေ"

"မှိုင်းနဲ့အတူ သွားစားချင်တာ"

"ကိုယ်မအားဘူး အလုပ်တွေရှိတယ် တစ်ယောက်ယောက်ကိုခေါ်သွားလိုက်နော်"

သူ့စကားအဆုံး သူမမျက်နှာလေးက သနားစရာကောင်းအောင် ညှိုးကျသွားရင်း

"တာရာက မှိုင်းနဲ့ပဲသွားချင်တာ"

"ကိုယ့်မှာအရေးကြီးအလုပ်တွေရှိနေတယ် ဒီနေ့ကဘယ်လိုမှအဆင်မပြေလို့ပါ.. နောက်ရက်ဆိုရင်တော့ ရပါတယ်"

"ဟင့်..."

နှုတ်ခမ်းလေးတွေစူထော်သွားပုံများ သူ့ပါးတွေကိုထိုးလုမတတ်။ လည်ပင်းကိုသိုင်းဖက်ထားသောလက်တွေကို ပြန်ရုတ်သိမ်းရင်း မျက်နှာလေးငိုမဲ့မဲ့နှင့်

"အင်းပါ.. သွားတော့ပါဘူ"

ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီးခေါင်းလေးငုံ့၊ မျက်ရည်လေးဝဲ၊ မျက်နှာငယ်လေးနှင့်လုပ်နေပုံက တကယ်ကိုသနားစရာ။ တကယ်တမ်းကျ တာရာမှာ စိတ်ကောက်ချင်သော်လည်း တကယ်ကြီးအလုပ်ရူပ်နေသည့်မှိုင်းကိုမြင်တော့ မကောက်ရဲပြန်။ မှိုင်းက ဒီနောက်ပိုင်းတာရာ့ကိုမအော်မငေါက်ဘဲ အလိုလိုက်ပေးသည့်တိုင် တာရာတအားတော့မဆိုးရဲပါ။

ကိုယ့်ဘက်ကစချစ်ရသူမို့တစ်ခုခုဆိုစိတ်ဆိုးပြီး တာရာ့ကိုမချစ်တော့မှာလည်း စိုးရိမ်မိသည်။ ဒါကပိုချစ်ရသူ၏ သိမ်ငယ်မှုပဲထင်ပါသည်။

ထို့ကြောင့်ဘေးမှာငြိမ်ငြိမ်လေးထိုင်ပြီး သနားစရာကောင်းသည့်မျက်နှာနှင့် ဒရမ်မာမင်းသမီးလေးလုပ်ပြနေသည်။ ဒီလိုကြတော့လည်း မှိုင်းကမနေသာတော့ပါ။ တာရာ့ကိုပေါင်ပေါ် ပွေ့ချီလိုက်ပြီး

🖤Until the End of Time 🖤 Where stories live. Discover now