Part-49

2.3K 132 1
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄၉)

"ပင်လယ်ကြီးက လှလိုက်တာ...."

ဖြူလှပ်လှပ်ကောင်းကင်အောက်မှ ပြာလွင့်လွင့် ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း တာရာသဘောကျစွာဆိုလိုက်သည်။

"ဝုန်း...."

ဝုန်းခနဲ့မြည်သံနှင့်အတူ လှိုင်းတွေက ကမ်းဘက်ကိုရိုက်ခတ်လာတိုင်း တာရာ့မှာကလေးတစ်ယောက်လို ငေးမောရင်း ပြုံးပျော်နေရှာ၏။

"အား... မိုက်တယ်.."

"တာရာ ချော်လဲမယ်နော်"

ဖိနပ်လေးချွတ်၊ ဂါဝန်ရှည်ကြီးကိုလည်း လက်တစ်ဖက်နှင့်ကိုင်ပြီး ပင်လယ်ဘက်ကို ခုန်ပေါက်ပြေးသွားသည့်တာရာ့ကို မှိုင်းက စိုးရိမ်စွာ သတိပေးလိုက်သည်။

သို့သော် အပျော်လွန်​နေသည့်တာရာက မှိုင်းသတိပေးစကားကိုမကြားတော့ပေ။ လှိုင်းလုံးတွေရိုက်ခတ်ပြေးလွှားနေသည့်ပင်လယ်ကို အသည်းတယားယားကြည့်နေသလို စိုစွတ်သောသဲသောင်ပြင်ပေါ်တွင် ခြေဗလာနှင့် လျှောက်နင်းရင်း ခုန်ဆွခုန်ဆွလုပ်နေရသည်ကိုလည်း သဘောကျမဆုံးဖြစ်နေတော့သည်။

"ခြေထောက်တွေစိမ့်ပြီး နေလို့ကောင်းလိုက်တာ"

"တာရာ ဖိနပ်စီးထားလေ တစ်ခုခုစူးသွားရင် ဘယ်လိုလုပ်မှာလဲ"

"စူးပါဘူး မှိုင်းရဲ့ စိုအိအိလေးနဲ့လျှောက်လို့ကောင်းတယ် မှိုင်းလည်းဖိနပ်ချွတ်ပြီး လျှောက်ကြည့်.."

သူ့ကိုပင် ဖိနပ်အတင်းချွတ်ကာလျှောက်ခိုင်းတော့သည်။ အခုမှပင်လယ်ကိုမြင်ဖူးပြီး ပျော်မြူးနေသည့်ကောင်မလေးကိုကြည့်ပြီး သဘောကျရသလို စိတ်လည်းမကောင်းဖြစ်ရပါသည်။

သူကကမ္ဘာအနှံ့လျှောက်သွားနေသည့်တိုင် သူ့ကောင်မလေးကတော့ အခုမှငပလီလေးရောက်ဖူးပြီး အပျော်ကြီးပျော်နေသည်ကိုမြင်တော့ သနားကရုဏာသက်သွားမိသည်မှာအမှန်..။

အင်း... လက်ထပ်ပြီးလို့ ဟန်နီမွန်းထွက်တဲ့အခါကျမှပဲ ကမ္ဘာ့အကောင်းဆုံးနေရာတွေကို တစ်ခုမကျန် ခေါ်လည်ရမယ်။

🖤Until the End of Time 🖤 Where stories live. Discover now