Part-81

1.1K 89 6
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၈၁)

"မှိုင်း"

အစောင့်တွေနှင့် တိုက်ခိုက်ပြီးခြံထဲအတင်းဝင်လာသဖြင့် တစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်တွေစွန်းထင်နေသည့်မှိုင်းက ခပ်လှမ်းလှမ်းတွင်ရှိလို့။

"မဖြစ်ဘူး"

ဒေါ်တိမ်ရွှေစင်အထိတ်တလန့်ဆိုလိုက်ပြီး

"ထက်နွယ်ကလေး သမီးအိမ်ထဲအရင်ဝင်လိုက်ပါ သူနဲ့တွေ့လို့မဖြစ်ဘူး သမီးဦးလေးရောက်မလာခင် သူ့ကိုအမြန်ထွက်သွားခိုင်းရမယ် မဟုတ်ရင် ပြဿနာတွေကြီးကုန်တော့မယ်"

"ဟင့်အင်း.."

တာရာခေါင်းခါလိုက်သည်။ မှိုင်းရှိရာကိုလည်း ရီဝေစွာကြည့်လိုက်ရင်း

"တာရာ.. သူနဲ့တွေ့မယ်"

"သမီး"

စိုးရိမ်ပူပင်နေသည့်အဒေါ်ဖြစ်သူကို တာရာဖျော့ဖျော့လေးပြုံးပြလိုက်ပြီး

"တာရာသူနဲ့ထိပ်တိုက်တွေ့ပြီးစကားပြောဖို့လိုတယ်.. တာရာတို့ဇာတ်လမ်းကို အဆုံးသတ်ဖို့အတွက် နှုတ်ဆက်စကားတော့ပြောရမယ်မဟုတ်လား"

"ဒါပေမဲ့...."

"စိတ်မပူပါနဲ့တာရာအဆင်ပြေပါတယ်"

စိတ်ပိုင်းဖြတ်ထားဟန်ရှိသောတာရာ့အသွင်ကြောင့် ဒေါ်တိမ်ရွှေစင်သက်ပြင်းသာချလိုက်ရင်း

"ဒါဖြင့် အန်တီလိုက်ခဲ့မယ်"

"ဟင့်အင်း.. ဒီမှာပဲနေပါ တာရာမှိုင်းနဲ့နှစ်ယောက်တည်းစကားပြောချင်တယ်"

တာရာပြောပြီး ရှေ့ကိုထွက်သွားတော့ ဒေါ်တိမ်ရွှေစင်လည်း ဘာမှမပြောသာတော့ဘဲ အစောင့်တွေကိုသာ မျက်ရိပ်မျက်ခြေပြလိုက်သည်။ မှိုင်းကိုအထဲဝင်ခွင့်ပြုလိုက်ဆိုသည့်သဘော...။

ရုန်းရင်းဆန်ခတ်ရင်းနှင့်ပင် မှိုင်းခြံအထဲထိရောက်လာ၏။ တာရာ့ကိုလည်းမြင်ရော..

"တာရာ"

ဝမ်းသာအားရခေါ်လျက် သူမထံပြေးလာပါသည်။ သို့သော် မနီးမဝေးအနေအထားမှာပင် မှိုင်းခြေလှမ်းတွေက တုန့်ခနဲ့ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော်..

🖤Until the End of Time 🖤 जहाँ कहानियाँ रहती हैं। अभी खोजें