Part-69 🔞

2.9K 98 3
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၉)🔞

"မှိုင်း.. ရုတ်တရက်ကြီး ဘာလို့တာရာ့ကို လက်ထပ်ခွင့်တောင်းရတာလဲဟင်"

နှစ်ယောက်တည်းရှိချိန်တွင် သူ့ရင်ခွင်ထဲကနေတာရာက မျက်လုံးလေးဝင့်လျက်မေးလာတော့သည်။

အင်းပေါ့.. သူမကအခုချိန်ထိ နားမလည်ဖြစ်နေဦးမှာပဲ။ မှိုင်းသူမနှဖူးလေးကို ဖွဖွလေးနမ်းလိုက်ပြီး

"ဘေဘီ့ကို အမြန်ဆုံးပိုင်ဆိုင်ချင်သွားလို့ပေါ့ အင်း.. အရူံးဆုံးမခံနိုင်တော့အောင် ချစ်မိသွားလို့ဆိုရင် ပိုမှန်လိမ့်မယ်"

"ကိုကိုရယ်"

တာရာကသူ့ရင်ခွင်ထဲပို၍တိုးဝှေ့လာခဲ့သည်။ သူ့စကားတွေကို ဟတ်(စ်)ထိသွားပုံရသည်။ တကယ်တော့ သူ့စကားတွေက မုသားမပါ၊ လင်္ကာမချောတွေပင်။

မိုးတိမ်ရန်ကုန်ကိုရောက်လာခြင်း၊ ဦးလေးဗို့စ်၏ဖိအားတွေ အစရှိသဖြင့် ဒီလိုအခြေအနေမျိုးမှာ သူမကိုလက်လွတ်ဆုံးရူံးရမည်ကို ပို၍တွေးကြောက်လာသည်။ ထို့ကြောင့်လည်း သူမကိုပိုင်ဆိုင်ရဖို့အတွက် အမြန်ဆုံးလှုပ်ရှားလိုက်ခြင်းဖြစ်သည်။

"၁၁လပိုင်းကျရင် ကိုယ်တို့လက်ထပ်ကြမယ် ဟန်နီမွန်းအနေနဲ့ ကိုယ်ကParisသွားဖို့တွေးထားတယ် တာရာရော ဘယ်သွားချင်လဲ"

"တာရာကထွေထွေထူးထူးမရှိပါဘူး မှိုင်းနဲ့ လက်ထပ်ရမှာနဲ့တင်ကိုလုံလောက်နေပြီအဟီး"

ထိုစကားက တာရာ့ရင်ထဲက ခံစားချက်အစစ်အမှန်ပင်။ မှိုင်းနှင့်သာလက်ထပ်ရမည်ဆိုလျှင် ဒလဆိပ်ကမ်းလောက်ပဲ ခေါ်သွားမယ်ဆိုရင်တောင် တာရာကတအားပျော်မိမှာပဲ။ အဓိက သတို့သားက မှိုင်းဖြစ်နေဖို့ပဲလိုသည်။

"ဒါဖြင့် Honeymoonကို ကိုယ်ပဲစီစဉ်လိုက်မယ် လက်ထပ်ပြီးရင် ဘေဘီကUSမှာကျောင်းသွားတက်ရမယ်"

"USမှာကျောင်းသွားတက်ရမယ်"

ဒီကိစ္စကိုတော့ တာရာမသိသေးသဖြင့် တအံ့တဩဖြစ်သွားရပြီး

"တာရာကဘာလို့ USမှာကျောင်းသွားတက်ရမလဲ"

"ဪ.. ဒီမှာထက်စာရင် ဟိုမှာကပညာရေးရော အခြားအပိုင်းရော အများကြီး ပိုကောင်းတယ်လေဘေဘီရဲ့"

🖤Until the End of Time 🖤 Where stories live. Discover now