Part-16

3.8K 157 10
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၁၆)

"ဒါဖြင့် အခု မင်းကစံအိမ်တော်မှာသွားနေရတော့မယ်ပေါ့.."

အစည်းအဝေးမှစကားတို့ကို ကောင်းမာန်ကိုပြန်ဖလှယ်ပေးတော့ ကောင်းမာန်ကထိုစကားဆိုလာသည်။ မှိုင်း စီးကရက်ကိုတရိူက်မက်မက် ဖွာနေရင်းမှ

"သွားနေမယ်လို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ အရင်ကထက်စာရင်တော့ အိမ်အိမ်မှာပိုပြီးအနေပြရမှာပဲ"

"မင်းအဆင်ပြေရဲ့လား.."

ကောင်းမာန်စကားကို မှိုင်းဘာမှမတုန့်ပြန်။ စီးကရက်သာဖွာနေ၏။ မှိုင်းလို လွပ်လပ်မှုကို အပြည့်အဝခုံမင်သောလူအတွက် ထည်ဝါခမ်းနားပြီး ဟိတ်ဟန်အပြည့်ရှိသော grey အိမ်တော်ကြီးက နေချင်စရာမကောင်းမှန်း ကောင်းမာန်သိပါသည်။ အထူးသဖြင့် မှိုင်းကိုအချိန်ပြည့်စောင့်ကြည့်နေပြီး အနှောင့်အယှက်ပေးတတ်သည့် ဒေးဗစ်က အတော်လေး အာရုံနှောက်စရာကောင်းသည်။

အရင်က သခင်ကြီးဗို့စ်ရှိနေသည့်အတွက် ဒေးဗစ်ကို ထိန်းသိမ်းနိုင်သည်။ ယခုသခင်ကြီးဗို့စ်မရှိတော့ မှိုင်းကို ဒေးဗစ်ကသေချာပေါက် စိတ်အနှောင့်အယှက်ပေးလိမ့်မယ်။ ထို့ပြင် မှိုင်းအား ယာယီခေါင်းဆောင်ခန့်အပ်ခြင်းကို ဒေးဗစ်ကလုံးဝကျေနပ်ခဲ့သည်မဟုတ်။ ပြသာနာတစ်ခု မဟုတ်တစ်ခု ရှာမည်ဆိုလည်း ဗေဒင်မမမေးလည်းသိသည်။ ထို့ကြောင့်သူက မှိုင်းအတွက် စိတ်ပူမိ၏။

"ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်ကျရင် ငါကgreyအိမ်တော်ကိုအုပ်ချုပ်ရမှာပဲလေ အခုကတည်းက ကျင့်သားယူထားရမှာပေါ့.."

မှိုင်းစကားကမှန်နေသည့်အတွက် ကောင်းမာန်လည်းဘာမှမဆိုတော့ပေ။ မှိုင်းက အရင်ကထက်စာလျှင် တည်ငြိမ်ရင့်ကျက်လာသည်ဟု ဆိုရမည်။ ကြီးကျယ်ခမ်းနားလှသော grey အိမ်တော်နှင့် ဂိုဏ်းတစ်ခုလုံးကိုအုပ်ချုပ်ဖို့အတွက် ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေထက် ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်သည့်အရာများကိုဦးစားပေးရမည်ကို တွေးတောလာပုံရသည်။

🖤Until the End of Time 🖤 Where stories live. Discover now