Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)အပိုင်း(၃၈)
"မှိုင်း..."
လူကိုမြင်လိုက်သည်နှင့် ဆံပင်လေးတွေဝဲချနေသည်အထိ ခုန်ပေါက်ပြေးလာသောတာရာ။
"မနေ့ညကအိမ်ပြန်မလာဘူးနော်.. တာရာကစောင့်နေတာ ဟင့်"
လက်မောင်းကိုတွဲခိုရင်း မျက်လုံးရွဲတွေနှင့်မော့ကြည့်လာပြီး ချွဲချွဲနွဲ့နွဲ့ဆိုလာသည့်ဒီကလေးမလေးဟာ ဘယ်လောက်တောင်များ ချစ်စရာကောင်းနေပါလိမ့်။
"လွမ်းတယ်.. လွမ်းတယ် မှိုင်းညကပြန်မလာလို့ တာရာထမင်းတောင် ၂ပန်းကန်ပဲစားနိုင်တယ် အခါတိုင်း တာရာ၄ပန်းကန်စားနေကြကို"
"မှိုင်း တစ်ညလေးပြန်မလာတာနဲ့ကို.. တာရာ့ဗိုက်ကလေးမှာ မှိုင်းကိုလွမ်းတဲ့အလွမ်းတွေကလေ ထမင်းနှစ်ပန်းကန်စာလောက်ရှိနေပြီသိလား"
ကြည့်.. ပြောပေါက်လေးတွေကအစ တကယ်ကိုအသည်းယားစရာလေးပင်။ သို့သော်မှိုင်းဟာ သူမလက်တွေကိုကြမ်းကြမ်းတမ်းတမ်းပင် ဆွဲချပစ်လိုက်ပြီး
"ငါ့ကိုလာမရူပ်နဲ့ တာရာ ငါစိတ်ကြည်နေတာ မဟုတ်ဘူး"
"မှိုင်းကလည်း.."
"ဝေးဝေးသွားစမ်း"
မှိုင်းအသံမာမာနှင့်အော်ထည့်လိုက်တော့ တာရာမျက်နှာငယ်လေးနှင့်
"အော်ပါနဲ့လားမှိုင်းရယ် တာရာကလွမ်းလို့ပါဆို.."
"ထွက်သွား..."
မှိုင်းက အသားပင်အထိမခံဘဲ နှင်ထုတ်ကာ ထွက်သွားတော့ တာရာမျက်နှာလေး စူပုပ်ပြီး ကျန်ခဲ့သည်။ နှုတ်မှလည်း ပွစိပွစိဆိုသေးပါရဲ့.။
"ယောင်္ကျားတွေများ ယူတောင်မယူရသေးဘူး စအော်နေပြီ ဟွန့်"
"အင်းလေ.. ငါကလည်းလိုချင်တာမှ ဆတ်ဆတ်ယိုနေတော့ သည်းခံ သည်းခံ"
"မယူခင်အထိတော့ ဖျာလိုလိပ်ပြီးတော့ ထိပ်ပေါ်တင်ထားပေးပါဦးမယ် ယူပြီးရင်တော့လား ငါချည်းပဲအပေါ်ကနေ နေပြမယ်ကြည့်နေ.."
ကိုယ့်ဘာသာကိုမကျေမနပ်ပြောနေရင်းမှ ကိုယ်စကားအဓိပ္ပာယ်ကိုပြန်တွေးမိတော့ တာရာတစ်ယောက် ပြုံးစိပြုံးစိဖြစ်နေတော့၏။
YOU ARE READING
🖤Until the End of Time 🖤
Romanceငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ့ အထိ ချစ်သွားမယ်လို့တော့ ကတိပေးနိုင်တယ်" 🖤မှိုင်း ချစ်ခြင်းဟာ အပြစ်ဆိုရင်တောင် နောက်ဘဝမှာပဲ အဲ့ဒီပြစ်ကြွေးတွေကို ဆပ်ပါရစေ ဒီဘဝကိုတော့ မှို...