Part-51

2.4K 148 2
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၅၁)

"ဟင့် အသားတွေမဲကုန်ပြီ"

တစ်နေညခင်းလုံး ရေဆော့ရုံမက၊ ရေကူးကန်မှာပါ မပြီးနိုင်မစီးနိုင် ရေကစားတုန်းက ပြုံးပျော်နေသည့်ကောင်မလေးက ညလည်းရောက်ရော သူ့အသားအရည်ကိုသူကြည့်ပြီး မျက်နှာလေးမဲ့တဲ့တဲ့နှင့်ဆိုလာတော့သည်။

မှိုင်းပခုံးတွန့်လိုက်ပြီး

"အခုချက်ချင်းက ဘာမှတောင်မသိသာသေးပါဘူးကွာ ရန်ကုန်ရောက်မှ မဲချိတ်သွားတာတွေ့ရလိမ့်မယ်"

"ဟင်.. တကယ်"

တာရာမျက်လုံးပြူးသွားသည်။ ကုတင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချရင်းမှ

"အင်းလေ.. ဘယ်တတ်နိုင်မှာလဲ နေလောင်လက်စနဲ့ မထူးပါဘူး မနက်ဖြန်ပါရေဆက်ဆော့ရမယ် ဟီး"

"ဟမ် ရေဆော့ဦးမှာလား မပျင်းသေးဘူးလား"

"ဟင့်အင်း တာရာရေကစားရတာကြိုက်တယ်"

"ဘေဘီ့သဘောပဲလေ ရန်ကုန်ပြန်ရောက်မှ အသားတွေမဲသွားပြီဆိုပြီး မငိုနဲ့"

"ငိုပါဘူးနော်.."

မှိုင်း ဘာမှဆက်မပြောတော့ဘဲ သူမအနားသို့ ဝင်ထိုင်လိုက်သည်။ ပြီးနောက် သူမကိုယ်လေးကို ထွေးပွေ့ရင်းနှင့်

"ဘာပဲဖြစ်ဖြစ် မင်းအသားအရည်က နုနုလေးကို lotionသေချာလိမ်းအိပ်နော်"

"ပျင်းတယ် မလိမ်းတော့ဘူး"

"ဘာပျင်းစရာရှိလို့လဲ ဘေဘီရယ်"

"ကိုကို လိမ်းပေးလေ"

ခြေကလေးဆန့်ပြီး ချွဲနွဲ့လာတော့လည်း သူကမနေသာနိုင်တော့ပါ။ lotionဗူးယူပြီး သူမကိုပြုံးစိစိနှင့်ကြည့်မိရင်း

"ဟုတ်ပါပြီ ကိုယ်လိမ်းရင် ခြေထောက်ပဲ မဟုတ်ဘူးနော် တစ်ကိုယ်လုံးလိမ်းပေးမှာ"

"ဟင်..."

တာရာ၏မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးသွားရပြန်သည်။ မှိုင်းကလည်း အတည်ပေါက်ကို စတော့သည်။ သူကlotionကို သူမခြေသလုံးအနှံ့လိမ်းပေးပြီးနောက် ပေါင်တံသွယ်သွယ်လေးဆီသို့ တိုးတက်လာရာ

🖤Until the End of Time 🖤 Where stories live. Discover now