Part-58

1.8K 90 3
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၅၈)

ဝရန်တာတစ်လျှောက် စီစီရီရီလှပနေသော ပန်းအိုးလေးတွေကိုငေးကြည့်ရင်း ဟေဒီနှုတ်ခမ်းတွေက အလိုလိုပြုံးနေသည်။

ဘဝဟာသောကတွေများပြားလွန်း၍ အသက်မရှင်တော့အောင် မွန်းကျပ်နေရချိန်၌ ပျော်ရွှင်ခြင်းတွေကို သူမရှာတွေ့ခဲ့သည်က ပန်းကလေးတွေထံမှဖြစ်သည်။ ပန်းတစ်ပွင့်ချင်းစီဟာ ရှင်သန်ရခြင်း၏အဓိပ္ပာယ်ဟုပင် ဆိုညွှန်းရမည်လား။ လှလှပပဖူးပွင့်လာသည်ကို ငေးရင်းကြည့်ရင်းနှင့်ပင် ပြုံးနေရခြင်းကို ခုံမင်နှစ်ခြိုက်မိပါသည်။

တစ်ရက်ကျ အိမ်ကလေးတစ်လုံးဝယ်ပြီး၊ တစ်အိမ်လုံးအနှံ့ ပန်းတွေစိုက်ပစ်မည်ဟု သူမတွေးကာ စိတ်ကူးယဉ်ခဲ့သည်။ အခုတော့ သူမ၏စိတ်ကူးတွေကို အကောင်အထည် ဖော်လာနိုင်ခဲ့ပြီဖြစ်သည်။

မိုးပြာနုအောင် ခြယ်သထားသည့်အိမ်ငယ်လေးတစ်လုံးနှင့် ခြံသေးသေးလေးထဲတွင် စိတ်ကူးတည့်ရာပန်းပင်မျိုးစုံကို စိုက်ပျိုးရင်း ဟေသုမဒီ၏ရှင်သန်ရခြင်းတို့ကို အဓိပ္ပာယ်ရှိရှိပုံဖော်လာနိုင်ခဲ့ပြီဖြစ်သည်။

"လှလှပပဖူးပွင့်လာတာပဲ"

ပန်းပင်လေးတွေကို ကလေးတစ်ယောက်လိုပြုစုပျိုးထောင်လာတော့ ပန်းလေးတွေ လှလှပပဖူးပွင့်လာသည်ကိုမြင်ရင် အမေတစ်ယောက်၏ပီတိမျိုးကိုခံစားမိပါရဲ့။ လှသောပန်းလေးတွေကို ငေးကြည့်ရင်း တသိမ့်သိမ့်နှင့်ပင် ကြည်နူးနေမိ၏။ သို့သော်

"ဟင်"

ခေါင်မိုးအနား၌ ကြိုးလေးဖြင့်ချိတ်ဆွဲပြီး စိုက်ထားသည့်ပန်းအိုးမှ ပန်းပင်လေးအချို့က မရွှင်မလန်းနှင့် ငိုက်စိုက်နေသည်ကိုမြင်တော့ ဟေဒီ၏မျက်ခုံးထူထူတွေက အလိုမကျစွာ တွန့်ခေါက်သွားတော့သည်။

"ဘယ်လို့ဒီလိုဖြစ်ရသလဲ"

အလိုမကျစွာရေရွတ်လိုက်ပြီး ပန်းအိုးကိုကြည့်ဖို့လုပ်သော်လည်း အရပ်မမီဖြစ်နေတော့ ခုံလေးခုပြီး ကြည့်လိုက်သည်။

🖤Until the End of Time 🖤 Where stories live. Discover now