Part-12

5.3K 163 4
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၁၂)

"တောက်.. ဒီဟာမဘယ်တုန်းက ပြန်ရောက်လာသလဲ.."

တစ်ဘက်လူဘယ်သူမှန်းသိလိုက်သည်နှင့် မှိုင်းစိတ်ထဲကနေဒေါသတကြီးပင် ဆဲဆိုမိသည်။ ထို့အတူ အံ့လည်းအံ့ဩမိသည်မှာအမှန်။

သူနှင့်နိုရာခါစံ အဆက်အသွယ်မရသည်မှာ ကြာပြီ။ ပြောရလျှင် ဆက်သွယ်စရာမလိုတော့အောင် သူတို့ကြားဆက်ဆံရေးတွေလည်း ပြီးပြတ်သွားခဲ့ပြီဖြစ်သည်။

နိုရာ့ဘက်ကတော့ သူ့ကိုမကျေမချမ်းဖြစ်ခဲ့သေးသည်။ သို့သော် သူမမည်မျှအရှိန်အဝါရှိရှိမှိုင်းဆိုသည့်လူသားကို ဘာမှလုပ်လို့မရသလို သူမဖားသားကြီးကလည်း ဂျပန်ကနေလှမ်းခေါ်နေတော့ ဒီအတိုင်းမြန်မာပြည်ကနေ ထွက်သွားခဲ့သည်မှာ (၄)နှစ်တောင်ရှိတော့မည်။ ယခုမှ ရုတ်တရက်ပြန်ပေါ်လာသည်။

တကယ်က ဘယ်အချိန်ကရောက်လာမှန်းမသိ။ သူ့ကိုတစ်ချိန်လုံးစောင့်ကြည့်ပြီး ဒုက္ခပေးနိုင်ဖို့ ချောင်းနေပုံရသည်။ သူနှင့်ပတ်သက်ပြီး ဘာတွေစုံစမ်းသိရှိသွားမှန်းမသိသော်လည်း တာရာ့ကိုခေါ်သွားနိုင်သည်ဆိုကတည်းက သူမကိုလျှော့တွက်လို့မရမှန်း မှိုင်းသိလိုက်သည်။

"တော်ပါသေးရဲ့.. တို့နာမည်ကိုယူမှတ်မိသေးလို့  အင်း.. ယူ့မှတ်ဉာဏ်ထဲရှိနေသေးတာကိုပဲ ဝမ်းသာနေမိပါတယ် မှိုင်းရယ်.."

ရွဲ့သလိုနှင့်ဆိုနေသော နိုရာ့အသံက သူ့နားထဲခါးသက်သက်ပင် ဝင်လာသည်။ မှိုင်းဒေါသကိုထိန်းထားလိုက်ပြီး

"$ပိုတွေမပြောတာကောင်းမယ် မင်းငါ့ဆီကဘာလိုချင်သလဲ နိုရာ တည့်ပြော. မဆိုင်တဲ့ကလေးကိုတော့ဆွဲမထည့်နဲ့စမ်း.."

"ယူဒီလောက်ဒေါသထွက်နေပုံရရင် တို့ထင်တဲ့အတိုင်း ကလေးမကယူ့အတွက်အရေးကြီးနေတဲ့ပုံပဲ ယူ့လိုရေခဲမင်းသားက အရေးတယူထားရမဲ့အရာကို ရှာတွေ့ခဲ့တဲ့ကိုယ့်ကိုယ့်ကိုယ်တောင် ဂုဏ်ယူမိတယ်..အဟင်း"

ဘာနှင့်မှခြိမ်းခြောက်အကျပ်ကိုင်၍ မရခဲ့သော သူ့အားနည်းချက်ကို ဆုပ်ကိုင်နိုင်တော့မည်အထင်နှင့် ပျော်ရွှင်စွာရယ်သမ်းသွေးနေသော နိုရာ့စကားကြောင့် မှိုင်းနှုတ်ခမ်းတွေက အလိုလိုမဲ့ကျသွားရင်း..

🖤Until the End of Time 🖤 Where stories live. Discover now