Part-68

1.5K 82 1
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၈)

"ဝါး.. သင်္ဘောကြီးကလှလိုက်တာ"

အလှသင်္ဘောကြီးကိုကြည့်ပြီး တာရာမှာပျော်လွန်းသဖြင့် ခုန်ဆွခုန်ဆွနှင့်ကို ဖြစ်နေတော့သည်။ တာရာ့ကိုကြည့်ပြီး မှိုင်း၊ ကောင်းမာန်၊ ဟေဒီတို့ကလည်း ပြုံးနေမိသည်။

ဒီနေ့က သူတို့တွေအပျော်ခရီးထွက်လာသည့်နေ့ပင်။ တာရာစာမေးပွဲဖြေပြီးတော့ မှိုင်းကအပျော်ခရီးတစ်ခုစီစဉ်ပေးဖို့တွေးခဲ့သည်။ ပြန်စဉ်းစားကြည့်လျှင် သူတို့လေးယောက်လုံးစုစည်းပြီး အပျော်ခရီးထွက်တာမျိုးမရှိပါ။ ထို့ကြောင့် အမှတ်တရအနေနှင့် ခရီးတစ်ခုအတူထွက်နိုင်ဖို့စဉ်းစားခဲ့သည်။

ဖြစ်ချင်တော့ သူ့မိတ်ဆွေကုမ္မဏီတစ်ခုက သီတင်းကျွတ်ကာလ၌ ကမ်းရိုးတန်းတစ်လျှောက် ဇိမ်ခံသင်္ဘောနှင့် ပတ်လည်ဖို့ခရီးစဉ်ကို ကြော်ငြာလိုက်တော့ သူjoinဖို့စိတ်ဝင်စားသွားသည်။ ဇိမ်ခံသင်္ဘောကြီးနှင့် သုံးလေးရက်လည်ပတ်မည့်ခရီးဖြစ်၍ ကုန်ကျစရိတ်က သူဌေးတွေသာ တတ်နိုင်သောကုန်ကျစရိတ်မျိုးဖြစ်နေတော့ Luxuryဆန်ဆန်အရသာမျိုး ခံစားနိုင်သည်။ လူရည်သန့်ပြီး အာရုံနှောက်စရာလည်းမရှိတော့  ဒီခရီးစဉ်ကို joinဖို့ဆုံးဖြတ်လိုက်သည်။ ကောင်းမာန်နှင့်ဟေဒီကိုလည်း အလုပ်တွေဖြတ်ထားဖို့ အစောပိုင်းကတည်းက သတိပေးထားခဲ့သည်။ အခုတော့သူတို့လေးယောက် အပျော်ခရီးတစ်ခုကို အတူထွက်နိုင်ပြီဖြစ်သည်။

"သဘောကျလား ဘေဘီ"

ပျော်နေသည့်တာရာ့ကိုမှိုင်းကမေးလိုက်တော့ တာရာကပါးလေးတွေဖောင်းအစ်သွားသည်အထိ အားပါးတရပြုံးလိုက်ပြီး

"ပျော်တာပေါ့ သင်္ဘောကြီးကတအားမိုက်တာပဲ တာရာတို့သူဋ္ဌေးလို ဇိမ်ခံပြီး ခရီးထွက်ရမှာပေါ့နော်"

"ဒါပေါ့ ဘေဘီရဲ့"

"တိုက်တန်းနစ်လိုမျိုးလား"

"အင်း...ဒါပေမဲ့ကိုယ်တို့ကပျော်စရာခရီးပဲ ဖြစ်မှာပါ ဝမ်းနည်းစရာတွေမပါစေရဘူး"

"ဟီး.. ကြိုက်လိုက်တာ"

တာရာမှာ လူနည်းစုသာလိုက်ပါစီးနင်းနိုင်သော အပျော်ဇိမ်ခံသင်္ဘောကြီးကိုကြည့်ပြီး သဘောကျမဆုံးတော့ပေ။ မှိုင်း၏လက်မောင်းကိုလည်း တွဲခိုထားရင်း

🖤Until the End of Time 🖤 Nơi câu chuyện tồn tại. Hãy khám phá bây giờ