Part-79

1K 90 3
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၇၉)

"မင်းဘာဆက်လုပ်မလဲမှိုင်း"

ကောင်းမာန်အမေးကိုသူမဖြေနိုင်။ ဆံပင်တွေကို ထိုးဖွပစ်ရင်းနှင့် ဧည့်ခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်မှာ ဘယ်လောက်ကြာနေပြီဖြစ်မှန်းကို မသိတော့ပါ။

တကယ်ကမဖြေနိုင်တာထက် သူလည်းဒီအဖြေကိုမသိပါ။ တစ်ခုခုလုပ်ဖို့ သူကြိုးစားရမည်။ သို့သော်ရင်တွေကဗလောင်ဆူနေတော့ ဘယ်ကစရမှန်းကိုမသိဖြစ်နေ၏။

မှိုင်းကိုကြည့်ပြီး ကောင်းမာန်လည်းဘယ်လိုအားပေးနှစ်သိမ့်ရမှန်းမသိတော့ပါ။ ဖြစ်သွားသည့်အခြေအနေကကြောက်စရာကောင်းလှသည်မဟုတ်လား။ သူအမြဲတမ်းစိုးရိမ်ခဲ့သည့်အခြေအနေကိုရောက်သွားခဲ့ပြီဖြစ်သည်။

ကောင်းမာန်သက်ပြင်းသာချလိုက်ရင်း

"တာရာ့ကိစ္စကမင်းတစ်ယောက်တည်းကျူးလွန်ခဲ့တာမဟုတ်ဘူး ငါလည်းဒီကိစ္စကိုသိရက်နဲ့ နှုတ်ပိတ်ခဲ့တာပဲ ငါ့မှာလည်းအပြစ်ရှိတယ်"

"ထားလိုက်တော့..."

"ထားလို့မရဘူးမှိုင်း မင်းတစ်ယောက်တည်းအပြစ်တွေခံယူပြီး ငါကျဘာအပြစ်မှမရတာက မမျှတဘူး ငါသခင်ကြီးဆီသွားပြီး အပြစ်ခံယူမယ်"

"မဖြစ်ဘူး"

မှိုင်း.. ကောင်းမာန်ကိုစေ့စေ့ကြည့်လိုက်ပြီး

"မင်းနဲ့ဟေဒီမကြာခင်လက်ထပ်ရတော့မယ် မင်းဒါကိုဖျက်ဆီးခံရဲလား"

"..............."

"မင်းတို့နှစ်ယောက်ဒီအခြေအနေရောက်ဖို့က အရမ်းခက်ခဲခဲ့တယ် ဒါကြောင့်ဘာအမှားအယွင်းမှအဖြစ်မခံနဲ့ ဟေဒီကိုရအောင်လက်ထပ်ပါ ဒီပြဿနာတွေအားလုံးငါတစ်ယောက်တည်းပဲခံယူမယ် မင်းဘေးထွက်နေ ဘာမှအားနာမနေနဲ့ မင်းမင်္ဂလာပွဲကိုပဲ ဂရုစိုက် မင်းသွားအပြစ်မျှယူပေးလည်း အခြေအနေတွေက ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး မင်းနဲ့ဟေဒီပဲထိခိုက်ရလိမ့်မယ် ဒါကြောင့်မင်းကိုစစ်မေးရင်တောင် တာရာ့ကိစ္စမသိဘူးလို့ပဲ ဘူးခံငြင်းလိုက် အခုချိန်မှာ သူရဲကောင်းမဆန်ချင်နဲ့တော့"

🖤Until the End of Time 🖤 Where stories live. Discover now