Part-30

3.3K 175 8
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၃၀)

"ဟင် ဒီမိန်းမကဘာကိစ္စရောက်လာရသလဲ"

ခြံဝန်းထဲမောင်းဝင်လာသည့်ဟန်နာ၏ကားကိုမြင်တော့ တာရာဒေါသတွေတဟုန်းဟုန်းတောက်သွားရသည်။

ဟန်နာသည် ပြိုင်ကားလေးပေါ်မှလှလှပပကျော့ကျော့ရှင်းရှင်းလေးဆင်းလာသလို မှိုင်းဆီလျှောက်လာသည့်ခြေလှမ်းတွေကလည်း တကယ်ကိုနွဲ့နွဲ့နှောင်းနှောင်း။

တော်တော်မြင့်သည့် ဒေါက်ဖိနပ်စီးထားသည့်တိုင် အနည်းငယ်မျှပင်ယိုင်နဲ့မသွားသလို လျှောက်လာသည့်ခြေလှမ်းတွေကအစလှပကျော့ရှင်းနေသည့်ဟန်နာကိုကြည့်ရင်း တာရာမကျေမနပ် တွေးလိုက်မိသည်။

ဒီမိန်းမက ဘာလို့ဒီလောက်လှနေသလဲ...။ တကယ်ဆို ဒီဇာတ်လမ်းမှာငါကမင်းသမီး၊ သူကဗီလိန်မပဲကို။ ဘာလို့များ သူကငါ့ထက် ပိုလှနေရသလဲ.. မဖြစ်သင့်တာ ဟွန့်။

မနာလိုစိတ်၊ သဝန်တိုစိတ်တွေနှင့် တာရာ့မျက်နှာကစူပုပ်ပုပ်ကိုဖြစ်နေတော့သည်။ ဟန်မဆောင်တတ်သူမို့ပိုဆိုးသည်။ နှုတ်ခမ်းလေးဆို စူထော်နေတော့သည်။

"ဟန်နာ.. ဘာကိစ္စလဲ"

မခေါ်ဘဲရောက်လာသည့်ဟန်နာ့ကို မှိုင်းက မျက်လုံးတစ်ချက်မျှ ပင့်ကြည့်ရင်း မေးလိုက်သည်။ ဟန်နာက အပြုံးချိုချိုဖြင့်

"ဒီအတိုင်းသခင်လေးမှိုင်းကိုသတိရလို့ပါရှင်"

"မင်းကိုအနားယူဖို့အချိန်ပေးထားတာပဲလေ.. ဘာလို့လာနေသေးသလဲ ဒီကြားထဲမင်းပင်ပန်းထားရတဲ့ကိစ္စတွေ အများကြီးရှိခဲ့တာကို ကိုယ့်ကိုယ်ကိုယ်သေချာအနားပေးသင့်တယ်"

"ကြည့်ရတာဟန်နာက အကျင့်ပါသွားပုံပဲ နှစ်နှစ်လောက် ပူးပူးကပ်ကပ်နေခဲ့ရတော့ အခုမှိုင်းနဲ့ဝေးရာမှာ မနေတတ်တော့ဘူး အဟင်း"

ကြည့်စမ်း.. ကြည့်စမ်းအပြောနဲ့အကြည့်ကိုက သူများအပိုင် အမျိုးသားကို မြူနေတာ မြူနေတာ။

ကနွဲ့ကလျဆိုရင်း မှိုင်းရှေ့ဝင်ထိုင်လိုက်သည့် ဟန်နာကိုစိုက်ကြည့်နေသော တာရာ့မျက်ဝန်းတွေက မီးဝင်းဝင်းတောက်လို့..။

🖤Until the End of Time 🖤 Where stories live. Discover now