Part-60

1.8K 92 2
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၀)

"မျက်နှာလည်းမကောင်းပါလား အပြင်မှာ တစ်ခုခုအဆင်မပြေဖြစ်ခဲ့ဘူးလား"

Shopping centerကပြန်လာကတည်းက ညီမဖြစ်သူ မျက်နှာမကောင်းဖြစ်နေသည်ကို သတိပြုမိတော့ မိုးတိမ်က ဂရုတစိုက်မေးလိုက်သည်။

"မဟုတ်ပါဘူး အစ်ကိုငယ်"

"ဒါဖြင့် ဘာဖြစ်လာလို့လဲ"

"ဒီနေ့ စျေးဝယ်ထွက်ရင်း shopping centerက toilet ဝင်တုန်း ရွှေစင်သွေးတိုးလာတာနဲ့.."

ဒေါ်တိမ်ရွှေစင် စကားပင်မဆုံသေးပါ။ ဦးမိုးတိမ်ကပျာပျာသလဲနှင့်

"ဘာပြောတယ်.. သွေးတိုးတယ်ဟုတ်လား ကျန်းမာရေးမကောင်းဘဲနဲ့ ဘာကိစ္စစျေးဝယ်ထွက်ရသလဲ အိမ်မှာပဲနားနားနေနေ​နေသင့်တယ် အခုဘယ်လိုနေလဲ သက်ရောသက်သာရဲ့လား အစ်ကိုဆရာဝန်ခေါ်ပေးမယ်"

"ရွှေစင်ဘာမှမဖြစ်တော့ပါဘူးအစ်ကိုငယ်"

"နောက်တစ်ခါအပြင်ထွက်ရင် အဖော်ခေါ်သွားပါ ဒီအတိုင်းမသွားနဲ့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ အစ်ကို့မှာမိသားစုဆိုလို့ မင်းပဲကျန်တယ်တိမ်ရွှေစင်"

မိုးတိမ်က ကရုဏာဒေါသနှင့် ညီမဖြစ်သူကိုမာန်မဲလိုက်သည်။ ပြီးနောက် တစ်စုံတစ်ရာကို သတိရသွားတော့ သူ့မျက်နှာကအနည်းငယ် အေးစက်သွားပြီး

"ပြီးတော့အရေးကြီးတာက အခုချိန်အသွားအလာဂရုစိုက်ရမယ် တိမ်အိမ်တော်အကြောင်းကို အတော်များများက သတိထားမိလာကြပြီ အထူးသဖြင့် မီးခိုးရောင်ဂိုဏ်းသားတွေပဲ"

"ဟုတ်ကဲ့ပါ အစ်ကိုငယ် ရွှေစင်ဂရုစိုက်ပါတယ် centerကလည်း နီးနီးနားနားဆိုတော့ တစ်ယောက်တည်းသွားလိုက်မိတာပါ"

"ဘယ်လောက်နီးနီး အိမ်ထဲကအိမ်ပြင်ထွက်တာနဲ့ သက်တော်စောင့်တွေခေါ်သွားပါ အစစအရာရာသတိထားတာ မမှားဘူး"

အစ်ကိုငယ်၏စေတနာကိုနားလည်သဖြင့် ဒေါ်တိမ်ရွှေစင်ဘာမှတုန့်ပြန်ပြောမနေတော့ဘဲ သက်ပြင်းသာချလိုက်ရင်း

🖤Until the End of Time 🖤 Where stories live. Discover now