Part-52

2K 123 2
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၅၂)

"ဒုန်း..."

ဘရိတ်ကိုအတင်းဆွဲလှည့်လိုက်သဖြင့် ကားကသစ်ပင်နှင့်တေ့ဆိုင်းလေးလွဲသွားသော်လည်း ကိုယ်ထည်နှင်တော့ ဝင်ညှိမိသည်။ ဒုန်းခနဲ့မြည်သံနှင့်အတူ ရပ်တန့်သွား၏။

တော်သေးသည်.. မှောက်မကျသွားပေလို့။

"ဟင်... ဘာဖြစ်သလဲမှိုင်း"

အိပ်ပျော်နေသည့်တာရာ့ခမျာအထိတ်တလန့် နိုးလာသည်။ ကားတစ်ခုလုံးယမ်းခါပြီး တစ်ခုခုကိုဝင်တိုက်သွားသည်ကလွဲရင် ဘာဖြစ်မှန်းမသိရှာတော့ မျက်လုံးလေးတွေပြူးကျယ်လျက် ထိတ်လန့်နေရှာသည်။  မှိုင်းလက်ဖျံရိုးအောင့်သွားသော်လည်း ဂရုမစိုက်နိုင်ဘဲ တာရာ့ကိုပဲ စိုးရိမ်တကြီးကြည့်ကာ

"တာရာ.. ဘေဘီတစ်ခုခုထိခိုက်သွားသေးလား"

"ဟင့်အင်း.. မဖြစ်ပါဘူး ဘာဖြစ်လို့လဲဟင် ကားတိုက်မိတာလား"

"တော်ပါသေးရဲ့..ဘာမှမဖြစ်လို့"

တာရာက ထိတ်လန့်တုန်လှုပ်သွားရုံကလွဲရင် ဘာထိခိုက်ဒဏ်ရာမှမရမှန်းသိတော့ မှိုင်းလည်းသက်ပြင်းချနိုင်သွားသည်။  သို့သော် စိတ်အေးရသည့် အခြေအနေမဟုတ်မှန်းသိနေတော့

"ကိုယ်တို့ကားပေါ်ကဆင်းဖို့လိုတယ်"

ပြောပြီးမှိုင်းကားပေါ်မှချက်ချင်းဆင်းလိုက်သလို ကြောင်တောင်တောင်ဖြစ်နေသည့် သူမကိုလည်း ကားပေါ်မှဆွဲချလိုက်သည်။

"မှိုင်းဘာဖြစ်လို့လဲဟင် တာရာတို့ကားတိုက်မိလို့လား"

မှောင်မည်းနေသည့်ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်း တာရာကအထိတ်တလန့်ပင်ဆိုလာ၏။ မှိုင်းသူမစကားကို မတုန့်ပြန်နိုင်သေးပါ။ အခြေအနေတွေက ဘယ်လောက်အရေးကြီးမှန်းသိနေတော့ သူကအချိန်မဆိုင်းဘဲ ကားနောက်ဖုံးက လက်ကေ့(စ်)အနက်ကို ဆွဲယူလိုက်သည်။ ပြီးနောက်ကားထဲထည့်ဖွက်ထားသည့်သေနတ်ကိုပါဆွဲထုတ်လိုက်၏။

ဒါကိုတာရာမြင်သွားတော့ လန့်ဖျပ်သွားကာ

"မှိုင်း.. သေနတ်ကြီးနဲ့ ဘာ ဘာဖြစ်သလဲဟင်"

🖤Until the End of Time 🖤 Dove le storie prendono vita. Scoprilo ora