Part-22

3.9K 156 6
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၂၂)

"မမဟေဒီပြောတော့ ပြန်လာတော့မယ်ဆို အခုထိမလာသေးဘူး တာရာ့ကို သက်သက်ညာနေသလား.."

နှုတ်ခမ်းသေးသေးလေးတွေစူထော်သွားသည်အထိ စိတ်ကောက်နေသော တာရာလေးကိုကြည့်ပြီး ဟေဒီသဘောကျစွာပင် ပြုံးမိ၏။

အပြင်မှာမတွေ့ရသေးသည့်တိုင် video callထဲ၌ပင် တာရာလေးက အသည်းယားချင်စရာကောင်းအောင် ဘယ်လောက်တောင်ချစ်စရာကောင်းနေမှန်း မြင်တွေ့နိုင်သည်။

ဆံပင်ရှည်တာမကြိုက်သည့်ကောင်မလေးက နည်းနည်းရှည်တာနှင့် ကိုယ့်ဘာသာကို ညှပ်ချပစ်တတ်သော်လည်း အခုတော့ ဆံပင်လေးတွေက ပုခုံးစပ်လေးကျော်လာခဲ့ချေပြီ။ အရှည်ထားတော့မလားဟုမေးတော့

"ဟုတ်ပါဘူး.. အရမ်းတိုနေရင်ယောင်္ကျားလေးထင်ကြမှာစိုးလို့" တဲ့။

ပြန်ဖြေပုံလေးကဘယ်လောက်ချစ်စရာကောင်းလဲ။ တကယ်က နီမြန်းနေသည့် ပါးမို့မို့လေးတွေ ၊ နှာတံလုံးလုံးလေးနှင့် ပါးလျလျနှုတ်ခမ်းလေးတွေကိုကြည့်ရုံနှင့် ချစ်စဖွယ်မိန်းကလေးမှန်း အသိသာကြီးကို။ ကောင်မလေးက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ချစ်စရာကောင်းမှန်း မသိရှာဘူးထင်သည်။

ဟုတ်သည်.. ဟေဒီ၏တာရာလေးက အရမ်းကို ချစ်စရာကောင်းလာသည်။ မျက်တောင်ကော့ကော့လေးတွေအောက်က မျက်လုံးဝန်းဝန်းလေးတွေဆို ဟေဒီမမှတ်မိချင်လောက်အောင် လှလာပါသည်။ ဖူးဖူးမို့မို့မျက်နှာလေးက အသည်းတယားယားနှင့်ကို ချစ်ဖို့ကောင်းနေ၏။ အပြင်မှာတွေ့လျှင်အဲ့ဒီ့ပါးဖောင်းဖောင်းလေးတွေ ပိန်ညှက်သွားသည်အထိကို ဟေဒီ နမ်းမိမှာသေချာသည်။

ဟိုးငယ်ငယ်တုန်းက ဟေဒီနှင့်အတူနေခဲ့သည့် ပိန်ပိန်သေးသေးနှင့် ပေတီပေစုတ်ကောင်မလေးမဟုတ်တော့ပါလေ။ အချိန်နှင့်အတူ အလှပဆုံးဖူးပွင့်လာသည့် ပန်းလေးတစ်ပွင့်အဖြစ် ပြောင်းလဲလာခဲ့လေပြီ။ မပြောင်းလဲသည်ကတော့..

"တာရာ့မှာတော့ မမဟေဒီရောက်လာတော့မှာဆိုပြီး ပျော်နေတာကို ဟွန့်.."

🖤Until the End of Time 🖤 Där berättelser lever. Upptäck nu