Part-42

3K 174 5
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄၂)

သစ်လွင်လှပသည့်အိမ်ကြီးတစ်လုံး..။ အိမ်ကြီးရှေ့တွင်တော့ စိမ်းစိုလှပသည့်မြက်ခင်းပြင်ကျယ်ကြီးရှိနေသည်။ ထိုမြက်ခင်းပြင်ကျယ်၌ ပြေးလွှားဆော့ကစားနေသည့် (၅)နှစ်အရွယ် ကလေးငယ်လေးတစ်ဦး။

မိုးကတဖွဲဖွဲကျနေသည်။ ကလေးငယ်လေးဟာ ပြေးလွှားဆော့ကစားကောင်းလို့ကောင်းနေဆဲ..။ ထိုစဉ်မှာပင်

"အို.. သမီးရယ် မိုးရွာနေတယ်လေ အိမ်ထဲဝင်တော့"

အိမ်ကြီးထဲမှထွက်လာသည့်အဝတ်အစား သစ်သစ်လွင်လွင်နှင့်အမျိုးသမီးက အထိတ်တလန့်အော်ပြောလိုက်သည့်တိုင် ကလေးငယ်က အပြေးမရပ်သေးပါ။

"ခဏလေးပဲ မာမီ.. မီးမီးမိုးရေထဲဆော့ချင်လို့"

"မရဘူးနော် အခုလာခဲ့.."

အမျိုးသမီးကြီးလည်း စိုးရိမ်စွာဆိုရင်း ကလေးငယ်အားသွားခေါ်​တော့သည်။ သို့သော် မိုးရေထဲကစားရသည်ကိုသဘောကျသည့်ကလေးက အဖမ်းမခံဘဲ ပတ်ပြေးနေရာ..

"သမီးနော်.. မပြေးနဲ့လေ တော်နေကြာဖျားလိမ့်မယ်"

"ခစ်... ခစ်"

"မာမီစိတ်ဆိုးလာပြီနော်သမီး"

ကလေးကမိခင်ကိုရှောင်ရင်း ပြေးနေဆဲ။ မိုးကတဖွဲဖွဲပဲကျ၍တော်ပါသေးသည်။ ခဏနေတော့ ကလေးငယ်ကို ဖမ်းမိသွားသည်။

"ကဲ.. မိပြီ ဒီလောက်ဆိုးတဲ့ကလေး ရိုက်ပေးဦးမယ်"

မိခင်က ကလေးကိုပွေ့ချီရင်း ကရုဏဒေါသနှင့်ဆိုတော့ စကားတတ်ပြီး လူရည်လည်လွန်းလှသည့်ကလေးငယ်က..

"မီးမီးကိုရိုက်ရဘူးနော် မာမီ.. မာမီ့ကိုချစ်တယ်လေ ရွှမ်း.."

ပါးလေးကိုရွမ်းခနဲ့နမ်းရင်း မိခင်ကိုချော့နေသော ဒီအမေ၏နှလုံးသားကာ အရည်ပျော်ကျသွားခဲ့ရလေပြီ။

"အမလေး.. လူလည်မလေး တတ်လိုက်တာနော်"

"ခစ်... ခစ်.. ခစ်"

မိခင်မှာ အသည်းတယားယားနှင့် ပါးဖောင်းဖောင်းလေးကို မြတ်နိုးမဝစွာနမ်းခြွေရင်းဆိုတော့ ကလေးငယ်လေးကာ သဘောကျစွာနှင့် တခစ်ခစ်ရယ်မောနေတော့၏။

🖤Until the End of Time 🖤 Donde viven las historias. Descúbrelo ahora