Part-19

3.7K 188 5
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၁၉)

ဒီနေ့ကဝါဆိုလပြည့်မို့ ကျောင်းပိတ်သလို ကျူရှင်လည်းနားရသည်။ ထို့ကြောင့် အိပ်ရေးပျက်သမျှ အတိုးချအိပ်ဖို့ တာရာအိပ်ရာပေါ်လဲနေတော့သည်။

တကယ်တမ်းကျ အိပ်မပျော်။ ဟိုလိမ့်ဒီလိမ့်နှင့် မျက်လုံးထဲ အဖန်တလဲလဲ မြင်ယောင်နေမိသည်က မှိုင်း၏ကျစ်လျစ်သန်မာလှသည့် ရင်အုပ်ကြီးကိုသာ..။

ဟိုလို ဗလာကြီးထွက်နေတာမျိုးမဟုတ်ဘဲ ကျစ်လျစ်တောင့်တင်းသည့်ကြွက်သားတွေနှင့် ခန္ဓာကိုယ်က modelတွေတောင် အရူံးပေးလောက်ပါရဲ့...။ ပျံထွက်တော့မည့်အလားရုန်းထနေသကဲ့သို့ အသက်ဝင်လွန်းလှသည့် လင်းယုန်ဌက်ပုံ တက်တူးနှင့် မှိုင်းကဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်လေသည်လဲ။

ဒီရင်အုပ်အလှကြီးက သူမအပေါ်အုပ်မိုးထားခဲ့သည်တဲ့လား။ မှိုင်းကိုယ်ငွေ့တွေရစ်ခြုံလွှမ်းမိုးခြင်းခံရသည့်ထိုအခိုက်အတန့်က ဘယ်လောက်များသာယာကြည်နူးဖို့ကောင်းလိုက်လဲ။ နတ်ပြည်ရောက်သည့်ခံစားချက်ဆိုတာ ဒါမျိုးပဲနေမည်။

ထို့အတူ...

"ရှက်လိုက်တာနော်..."

ဘယ်ဘက်ရင်ဘတ်ဆီမှ ရင်ခုန်သံတွေနှင့်အတူ ရှက်ရွံ့ခြင်းလှိုင်းတွေကလည်း ကယက်ထလာတော့၏။ ဒီလိုရှက်သွေးဖြာသည့်ခံစားချက်မျိုးက တာရာ့အတွက် ပထမဆုံးအကြိမ် စတင်ခံစားလာရခြင်းဖြစ်သည်။

အခါတိုင်းမှိုင်းကိုမြင်တိုင်း အတင်းပွေ့ဖက်ပြီး ပွတ်သီးပွတ်သပ်နေပါသော်လည်း ရှက်ရွံ့မိတာမျိုးတော့မဖြစ်ခဲ့ပါ။ ဒါကိုပဲ ထပ်ခါထပ်ခါ ပြန်ပြန်တွေးပြီးတော့လည်း ရင်ခုန်စိတ်လှုပ်ရှားနေတာမျိုးလည်းမရှိခဲ့ပါ။ တာရာ့ခံစားချက်တို့က ရိုးရှင်းပြီး အပြစ်ကင်းစင်ခဲ့ပါသည်။ မှိုင်းကိုတွေ့လျှင် တွယ်ကပ်မည်။ မှိုင်းမရှိတော့လျှင် လွမ်းဆွတ်နေမည်။ ခံစားချက်တို့က ထိုမျှသာ။

အခုတော့ တာရာ့နှလုံးသားလေးဟာ အရွယ်ရောက်လာခဲ့ပြီ ထင်သည်။ ရင်ခုန်စိတ်လှုပ်ရှားပြီး ရှက်တတ်လာ၏။ တဒိတ်ဒိတ်ခုန်နေသောရင်ခုန်သံနှင့်အတူ မျက်ဝန်းတွေကလည်း မှိုင်းပုံရိပ်တွေကို တဖျပ်ဖျပ်မြင်ယောင်မိသည်။

🖤Until the End of Time 🖤 Where stories live. Discover now