Part-65 🔞

3.9K 118 1
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၅)🔞

🎶 ရှိတစ်ဝက် ပျက်တစ်ဝက် နှစ်ဖက်သော ပါးပြင်ပေါ်မှာ လိမ်းတဲ့သနပ်ခါး ကွက်ကျန်လို့နေ... တလိမ့်ချင်းလိမ့်လို့ စီးဆင်းကျလာရာလမ်း မြစ်နှစ်သွယ်လိုပဲ ထင်ယောင်နေ.........

စီးပါစေလေ ချစ်သူရေ မသုတ်လိုက်နဲ့.. အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ**

တစ်ချက်တစ်ချက် သဲ့သဲ့ရိူက်တဲ့မင်းငိုသံလေး.... ညသန်းခေါင်ယံတေး... တစ်ပုဒ်လိုပဲလေ.. ယဲ့ယဲ့ပြုံးတဲ့မင်းရဲ့မျက်နှာမြင်တော့ အလှပန်းချီတစ်ချပ်အလား ထင်စရာပေ🎶

ဦးလေးဗို့စ်ဖွင့်ထားတတ်၍ မကြာခဏ နားထောင်ခဲ့ဖူးသည့်စိုင်းထီးဆိုင်၏အပြာရောင်မျက်ရည်သီချင်းက အခုမှပဲသူ့အတွက် ပိုအသက်ဝင်လာခဲ့သည်လား။

အပြာရောင်ယှက်သန်းနေသော မီးဆိုင်းတွေအောက်၌ ချစ်ရသူ၏မျက်နှာဟာ မျက်ရည်စီးကြောင်းတွေနှင့် တကယ်ကိုလှပလို့နေ၏။ ချိုမြိန်သောနာကျင်ခြင်းတွေကြား ဒီမျက်ရည်ဟာ လှပသောအပြာရောင်မျက်ရည်လေးတွေပင် မဟုတ်လား။

သူတစ်ချက်လှုပ်ရှားလိုက်တိုင်း အင့်ခနဲ့ထွက်လာသည့်နှုတ်ခမ်းဖျားမှ ရိူက်သံသဲ့သဲ့လေးတွေကလည်း ညသန်းခေါင်တေးတစ်ပုဒ်ကို နားဆင်နေရကဲ့သို့ နားဝင်ချိုဖွယ်ကောင်းလှပါရဲ့။ မျက်ရည်စီးကြောင်းတွေနှင့်တိုးရှစွာ ညည်းညူနေသည့်တိုင် နွမ်းလျသည့်မျက်နှာလေးပေါ်၌ ထင်ဟပ်နေသည်က အပြုံးယဲ့ယဲ့လေးတွေ။ တစ်နည်းအားဖြင့် ရှက်သွေးဖြာနေသည့် ဖျော့တော့တော့အပြုံးလေး...။

ကြည့်စမ်း.. ဘယ်လောက်တောင်များ လှပနေလိုက်သည့်ပန်းချီကားတစ်ချပ်လဲ။ သူ့မှာ ကြည့်မဝ၊ ငေးမဝ၊ ရှူမဝနိုင်အောင်ပင် မြတ်နိုးရပါ၏။ အပြာရောင်မျက်ရည်တွေနှင့် ဒီပန်းချီကားကို တစိမ့်စိမ့်ကြည့်နေရင်းနှင့်

"ချစ်တယ်.. ဘေဘီရယ်"

ဖူးအိအိနှုတ်ခမ်းလေးကို ခပ်ကြမ်းကြမ်းပင် စုပ်ယူနမ်းရှိူက်လိုက်ပြီးနောက် ပြီးမြောက်သောလှပခြင်းတစ်ခုကို နူးနူးညံ့ညံ့ပင် အဆုံးသတ်ခဲ့လိုက်၏။

🖤Until the End of Time 🖤 Where stories live. Discover now