Part-88

1.1K 98 16
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၈၈)

"ကောင်းမာန်နှင့်ဟေသုမဒီ၏မင်္ဂလာဧည့်ခံပွဲ"တဲ့။

ဘယ်လောက်ရိုးရှင်းပြီးလှလိုက်သည်လဲ။ ခြံငယ်လေးထဲတွင် အဖြူရောင်နှင်းဆီပန်းတွေကို အပြည့်တန်ဆာဆင်ထားသည်။ တလှပ်လှပ်လွင့်နေသော ပူစီဖောင်းအဖြူတွေကြားမှ စီတန်းချထားသည့် ခုံလေးတွေကအစ ရိုးစင်းကာချစ်စဖွယ်ကောင်းနေသည်။

လူလည်းများများစားစားဖိတ်ပုံမပေါ်ပါ။ လူနည်းစုလောက်နှင့်သာ ကျင်းပသောမင်္ဂလာဧည့်ခံပွဲကာ ပကာသနတွေကင်းစင်ပြီး အေးချမ်းလှပနေတော့သည်။ ကြည့်လိုက်သည်နှင့် ရင်ကိုအေးသွားစေသည့်အသွင်အပြင်မျိုး...။

ထို့အတူ သတို့သားနှင့်သတို့သမီးတို့သည်လည်း အဖြူရောင်မင်္ဂလာဝတ်စုံဖြင့် ရိုးစင်းစွာလှလွန်းနေသည်။ ကောင်းမာန်ကာ အဖြူရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားပြီး အဖြူရောင်နှင်းဆီကိုလည်း ရင်ဘတ်တွင်ထိုးထားပါသည်။ ဘယ်လောက်တောင် သန့်ပြန့်နေလိုက်သည့်သတို့သားလဲ။

အဖြူရောင်dressလေးဝတ်ဆင်ထားပြီး ဆံနွယ်ရှည်တို့ကိုလှပစွာထုံးဖွဲ့ထားသည့် သတို့သမီးလှနေပုံမှာလည်း စာဖွဲ့၍ပင်ကုန်မည်မထင်ပါ။ လက်စွပ်ကလွဲရင် ဘာလက်ဝတ်ရတနာမှပင်မဆင်ဘဲ တကယ်ကိုရိုးစင်းစွာလှလွန်းနေ၏။

ထိုအရာအားလုံးထက်ပိုလှနေသည်ကတော့ နှစ်ယောက်လုံး၏အပြုံးဟုဆိုရမည်လား။ ဧည့်ပရိတ်သတ်တွေကို လိုက်လံနှုတ်ဆက်ရင်း ပြုံးနေသည့်အပြုံးတွေဟာ ဘယ်လောက်တောင် ပျော်ရွှင်ကြည်နူးနေမှန်း အလိုလိုခံစားသိမြင်နိုင်သည်အထိပင် သက်ဝင်လှပနေတော့သည်။

ခြံပြင်ကနေ လှပသောမင်္ဂလာပွဲလေးကိုငေးကြည့်ရင်း ပြုံးလိုက်သူကတော့ တာရာပင်ဖြစ်လေသည်။ ခြံစည်းလေးက အပင်ပုလေးတွေနှင့်သာ ကာထားသဖြင့် အရှင်းသားမြင်နေရပါသည်။

"လှလိုက်တာ မမရယ်..."

မင်္ဂလာဝတ်စုံလေးနှင့်ပြုံးရွှင်နေသည့်မမဟေသုမဒီကိုငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။ မမဟေဒီပဲလှလွန်းနေသည်မဟုတ်ပါ။ ကိုကြီးကလည်းကြည့်ကောင်းလိုက်တာ....။ တကယ်ကိုလိုက်ဖက်လွန်းလှပါရဲ့။

🖤Until the End of Time 🖤 Where stories live. Discover now