Part-89

1.4K 114 10
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၈၉)

"ဟင် နင်အခုထိမအိပ်သေးဘူးလား"

တရေးနိုးထလာသည့်ဟေဒီက ကောင်းမာန်ကိုမတွေ့သဖြင့် အပြင်ထွက်ကြည့်ရာ လေသာဆောင်တွင် ရပ်ငေးနေသည်ကို မြင်လိုက်တော့ တအံ့တဩဆိုလိုက်သည်။

ကောင်းမာန်ကတော့ပြုံးလျက်နှင့်

"ငါအိပ်လို့မပျော်ဘူးဟေဒီ"

"ဘာဖြစ်လို့လဲ"

"ဒီအတိုင်း အိပ်မပျော်တာ"

"မနက်ဖြန်မင်္ဂလာပွဲရှိတယ်လေ နင်အိပ်ရေးပျက်လို့မဖြစ်ဘူးကောင်းမာန်"

"ငါသိတယ်.. ဒါကြောင့်ငါအိပ်မပျော်နိုင်ဖြစ်နေတာနေမယ်"

သူ့စကားကြောင့် ဟေဒီကနားမလည်ဖြစ်သွားပုံရသည်။ သူ့ကိုမော့ကြည့်လာတော့ ကောင်းမာန်ချစ်ရသူ၏မျက်နှာကို အပြုံးတွေနှင့် ငုံ့ကြည့်လိုက်ရင်း

"ငါအရမ်းစိတ်လှုပ်ရှားနေတယ်ဟေဒီ"

"................"

"ငါ့ဘဝတစ်လျှောက်လုံးနင့်ကိုပဲချစ်ခဲ့တယ် ဆယ်စုနှစ်တစ်ခုလောက် ငါတို့ဝေးကွာခဲ့တယ် ဘယ်တောမှမဆုံနိုင်တော့ဘူးလို့ တွေးထားပြီးမှ ရုတ်တရက်ငါတို့ပြန်နီးစပ်လာခဲ့တယ် ပြီးတော့အခုငါတို့လက်ထပ်ရတော့မယ်တဲ့ တွေးကြည့်ရင် စိတ်ကူးယဉ်ဇာတ်လမ်းလေးလိုပဲ အဆုံးသတ်ကလှလွန်းနေတယ် ငါဘယ်လိုမှမယုံကြည်နိုင်သေးဘူး"

ရင်ခုန်လှိုက်မောစွာနှင့်ဆိုနေသည့်ကောင်းမာန်၏စကားတွေကြောင့် ဟေဒီနှုတ်ခမ်းဖူးဖူးလေးတွေက ပြုံးကျသွားရင်း

"စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူးကောင်းမာန် တကယ် realityပါ"

"ဒါကြောင့် ငါမယုံချင်ဖြစ်နေတာ"

"နင်ကHappy Endingနဲ့ထိုက်တန်ပါတယ်ကောင်းမာန်ရယ်"

ကောင်းမာန်၏ပါးလေးကို ဖွဖွလေးကိုင်ပြီးဟေဒီဆိုလိုက်သည်။ ကောင်းမာန်ကသူမကိုရင်ခွင်ထဲဆွဲသွင်းထားလိုက်ပြီးနောက်

"ငါ့ကိုဒီအခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"မဟုတ်တာ.. ငါကနင့်ကိုပိုကျေးဇူးတင်ရမှာပါ နင့်ကြောင့် ငါ့ဘဝကဒီထက်မကပိုအဓိပ္ပာယ်ရှိလာခဲ့တယ် ပထမတစ်ခါလက်ထပ်ခဲ့တုန်းက traumaတွေများခဲ့ပေမဲ့ နင်နဲ့တော့ပျော်ရွှင်တဲ့ဘဝတစ်ခုကိုရမယ်လို့ ငါယုံကြည်တယ်ကောင်းမာန်"

🖤Until the End of Time 🖤 Where stories live. Discover now