✽ အပိုင်း ၁ ✽

19.9K 318 2
                                    



လအလင်းရောင် မှိန်ဖျော့ဖျော့အောက်တွင် ကုန်တင်ကားတစ်စီးမှာ မြေမညီညာသည့်လမ်းတစ်ခုအတွင်းသို့ တရွေ့ရွေ့မောင်းနှင်လာသည်။ ထိုကုန်တင်ကားနောက်ခန်း၌ ဂိုဏ်းသားတစ်စုမှ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို သယ်ဆောင်လာကြသည်။

မိန်းကလေးငယ်များမှာ အသက် ၁၃ နှစ်မှ ၁၇ နှစ်ရှိသော သမီးပျိုရွယ်လေးများပင်ဖြစ်သည်။ အရေအတွက်မှာ ၂၇ ယောက်ဖြစ်ပြီး ထိုမိန်းကလေးများ၏လက်များသည် လက်ပြန်ကြိုးတုပ်နှောင်ထားခြင်းကို ခံထားရသကဲ့ ပါးစပ်များမှာလည်း တိတ်ဖြင့်ကပ်ခံထားကြရရှာသည်။

ဤသို့ဖြင့် ကယ်ပါကူပါ မအော်နိုင်ကြဘဲ ခရီးတစ်လျှောက်လုံး ကူကယ်ရာမဲ့စွာ လိုက်ပါလာခဲ့ကြ၏။ တစ်နေရာအရောက်တွင် ကုန်တင်ကား ရပ်တန့်သွားပြီးနောက် ကားရှေ့ခန်းမှ ယောကျာ်းသုံးယောက်ဆင်းလာပြီး ကုန်တင်ကားနောက်ခန်းတံခါးကို ဖွင့်လိုက်ကြသည်။ ထို့နောက်တွင် နောက်ခန်းက ယောကျာ်းငါးယောက်မှာ မိန်းကလေးများကို ကားအောက်သို့ ခြိမ်းခြောက်ခေါ်ဆောင်လာခဲ့ကြ၏။

" လာခဲ့ ခွေးမတွေ ... အော်ငိုမနေကြနဲ့၊ နင်တို့အသံ ဘယ်သူမှမကြားဘူး "

အသက်လတ်ပိုင်းရှိ မျက်နှာတွင်ချို့င့်ခွက်ဗရပျစ်နှင့်လူက ငိုယိုနေသောမိန်းကလေးများကို ရိုင်းစိုင်းစွာ အော်ငေါက်ခဲ့ကာ ကားပေါ်မှ ဆွဲချခဲ့ပြီးနောက် သူ၏အဖွဲ့သားများနှင့်အတူ စခန်းအတွင်းခုသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုနေရာသည် လူမိုက်ဂိုဏ်းသားများကျက်စားရာစခန်းဖြစ်ပြီး လူကုန်ကူးသည့်လုပ်ငန်းလုပ်ကိုင်ရာ ဌာနချုပ်လည်းဖြစ်၏။ စခန်းအတွင်းရှိမြေအောက်ခန်းက သံတိုင်များခြံရံထားသည့် လှောင်အိမ်အသွင်းသို့ မိန်းကလေးများကို ဆွဲသွင်းကာ နေရာချထားခဲ့ကြသည်။

မိန်းမငယ်လေးများမှာ ကြောက်လန့်နေကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေခဲ့ကြသည်။ ထို့နောက် ဂိုဏ်းခေါင်ဆောင်တစ်ဦးမှ ဂိုဏ်းသားများခြံရံလျက် လှောင်အိမ်ကြီးဆီသို့ ရောက်ရှိလာပြီး မိန်းမငယ်လေးများအား ကျေနပ်သည့်အပြုံးတစ်ခုနှင့်အတူ ကြည့်ရှုစစ်ဆေးနေခဲ့၏။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now