✽ အပိုင်း ၁၈ ✽

11.6K 96 3
                                    


(သတိပေးချက်။ ။ ဤအပိုင်းတွင် သွေးထွက်သံယိုများသောအခန်းများ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စများ၊ အကြမ်းဖက်လူသတ်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများပါဝင်လာနိုင်ပါသဖြင့် အသက်မပြည့်သေးသူများနှင့် စိတ်ရောဂါအခံရှိသူများ ဖတ်ရန်မသင့်တော်ပေ🚫

ဤအခန်းပါ အမည်များ၊အဖြစ်အပျက်များနှင့်နေရာဒေသများအားလုံးသည် စာရေးသူ၏စိတ်ကူးယဉ်သက်သက် ဖန်တီးမှုတစ်ခုသာဖြစ်သည်။)

------------------------------------------

ဘရဏီမှာ တက္ကစီကားသမား၏မူမမှန်မှုကို သတိထားမိလာသည်။ ကားသမားက သူမကို နောက်ကြည့်မှန်ကနေ စိတ်မသိုးမသန့်ဖြစ်စရာမျက်လုံးများဖြင့် ကြည့်နေခဲ့သည်ကိုရိပ်မိလျှင် ဘရဏီမှာ ပြုံးပျော်နေရာမှ မျက်နှာတည်သွားသည်။

သျှန်က သမီးဘရဏီမလာသေးသရွေ့ ခြံဝင်းနားတွင် ဆေးလိပ်ဖွာနေခဲ့သည်။ သို့သော် စိတ်ပူလာသဖြင့် ဘရဏီ့ဖုန်းကို ထပ်မံပြီးဆက်သွယ်လာသည်။

" ဘရဏီ ... ကားကဘယ်လမ်းကြောင်းတွေကနေ မောင်းလာလို့လဲ၊ ကြာနေပြီ၊ မြန်မြန်Gps သွင်းလိုက်၊ ပါးပါး သမီးငှားထားတဲ့ taxi ရဲ့လမ်းကြောင်းကြည့်နေမလို့ "

ဘရဏီသည် ၃ နှစ်ကြာအောင် ဂေဟာတွင် တာဝန်ရှိသူဆရာ၊ဆရာမများ၏အုပ်ထိန်းမှုအောက်တွင်နေလာရသောကလေးတစ်ယောက်ဖြစ်ကာ မြို့ထဲတောင် နေရာစုံမသွားဖူးသဖြင့် စိတ်ပူနေမိခြင်းပင်။

သို့သော် ဘရဏီမှာ ဂေဟာအလှူရှင်စာအုပ်တွင်မှတ်တမ်းတင်ထားသောသျှန်၏အိမ်လိပ်စာကိုရရှိပြီးနောက် အွန်လိုင်းပေါ်မှာ လမ်းကြောင်းနေရာများကို စုံစမ်းလေ့လာထားခဲ့လျက်။

သျှန်က ပုံမှန်ဆိုလျှင် စိုးရိမ်ကြောက်လန့်ခြင်းကင်းမဲ့သည်။ ပူပင်သောကဘာမျှမရှိ။ သူ့တွင်သံယောဇဉ်ထားစရာဆို၍ သူငယ်ချင်းဖြစ်သူ နေဟန်မှိုင်းတို့အတွဲပြီးလျှင် သူချစ်သောအစ်ကိုဆိုသည့်လူ။ ယခုတွင် ဘရဏီ ...။

သူ့ဘဝတွင် တန်ဖိုးထားစရာလူရှားသည်။ အပြင်ပန်းက အေးစက်သယောင်ရှိနေသော်လည်း သူတန်ဖိုးထားရသောလူနည်းစုအပေါ်တွက် လွန်စွာဂရုစိုက်ကာ စိတ်ပူပန်ပေးတတ်သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now