✽ အပိုင်း ၁၉ ✽

4.6K 75 0
                                    


ကမ္ဘာကြီးက ဘုရားသခင်တွေ၊ အနှိုင်းမဲ့မေတ္တာရှင်တွေကိုမွေးဖွားပေးသလို လူမဆန်ဆုံးစိတ္တဇသမားတွေကိုလည်း မွေးထုတ်ပေးတယ်။ ကမ္ဘာကြီးရဲ့ငရဲမင်းကနေဖန်ဆင်းပေးလိုက်တဲ့ ဒီကောင်က လူလည်းသတ်တယ်။ မေတ္တာလည်းထားတယ်။ ရူးရူးနှမ်းနှမ်းနဲ့ ရက်စက်တဲ့နေရာမှာလည်း နှစ်ယောက်မရှိနေဘူး။ ယဥ်ကျေးသလို မိုက်ရိုင်းတယ်။ စိတ်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးနဲ့နေထိုင်တတ်တဲ့ ပုတ်သင်ညိုလိုကောင် ...  အားလုံးထက်လည်းတော်တဲ့ သောက်ရူးဆရာကြီးပဲ။

ဒီကောင့်နာမည်က တစ်မျိုးတည်းမရှိနေဘူး။ ဒါပေမဲ့ သူ့ကိုတကယ်ချစ်တဲ့လူတွေက သျှန်လို့တစ်လုံးတည်းခေါ်ကြတယ်။

သျှန် ... ယဥ်ယဥ်လေးနဲ့အမြဲရူးနေပြီး ကြင်နာတတ်တဲ့အကောင်ပေါ့။


--------

ဘရဏီအား လူမဆန်စွာအဓမ္မပြုကျင့်ရာနေရာဖြစ်သည့်စတူဒီယိုခန်းတစ်ခုလုံးကို သျှန်တစ်ယောက် AI ချိန်ကိုက်ဗုံးများတပ်ဆင်ခဲ့ကာ ဖောက်ခွဲပစ်ခဲ့သည်။ သျှန်တစ်ညလုံး မအိပ်ဘဲ ဘရဏီလေးအနားတွင် အရက်နှင့်ဆေးလိပ်များသောက်ကာ ထိုင်စောင့်နေခဲ့သည်။

နံနက် ၄ နာရီ ၃၉ မိနစ်တွင် ဘရဏီသတိရလာသည်။ သူမမှာ မျက်လုံးနှစ်လုံးပွင်လျှင်ပွင့်ချင်း အောက်ပိုင်းမိန်းမကိုယ်မှဝေဒနာကိုခံစားရလျှင်  ဧရိယာ point 65 က အဖြစ်အပျက်များကို ပြန်လည်မှတ်မိသွားသောအခါ သူမ၏စိတ်နှလုံးသားထဲတွင် ကလေးတစ်ယောက်အနေဖြင့် မချိတင်ကဲခံစားလာရရင်း။

သူမ၏စိတ်အာရုံထဲတွင် ကြောက်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်မုန်းတီးခြင်း၊ ရွံရှာစက်ဆုပ်ခြင်းတို့က တဖြည်းဖြည်းလွှမ်းမိုးသွားပြီး အမှောင်ထုထဲသို့ ရောက်ရှိလာသည်။

" အားးးးးး "

ဘရဏီ၏အော်သံကြောင့် သျှန်မှာအရက်ဖန်ခွက်ကို စားပွဲခုံပေါ်သို့ချက်ချင်းတင်လိုက်ကာ ဘရဏီကိုပွေ့ဖက်ထားခဲ့သည်။

" သမီး ပါးပါးရှိတယ် ... သမီး "

" အားးးး .....  "

ဘရဏီမှာ သူမ၏နားနှစ်ဖက်ကို လက်များဖြင့် တင်းကျပ်စွာပိတ်ထားခဲ့ကာ မျက်စိစုံမှိတ်ထားလိုက်သည်။ အသံကုန်အော်ဟစ်နေခဲ့ရင်း ငိုနေခဲ့လျှင်
သျှန်မှာသူမ၏လက်များကိုဆွဲဖယ်ကာ သူမအသိစိတ်ပြန်ဝင်လာစေရန် ကြိုးစားနေရသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now