✽ အပိုင်း ၂၅ ✽

7.1K 79 0
                                    


(မှတ်ချက်။ ။ ဒီအခန်းက Crime scene တွေ လူသတ်ခန်းတွေမပါဝင်ထားဘဲ ပညာပေးတွေနဲ့ Erotic Romance သက်သက်ဖြစ်ပါတယ်။)

အသူရိန်နေမင်းကြီးက ပင်လယ်ကမ်းခြေထက်ဝယ် တဖြည်းဖြည်းမြှင့်တက်လာသည်။ ပင်လယ်လှိုင်းလုံးများ၏ရိုက်ခတ်သံများကလည်း ကမ်းခြေတစ်လျှောက်ဝေဆာနေ၏။ ပင်လယ်ရေတို့ဖြင့် စိုစွတ်နေသောသဲသောင်ပြင်ပေါ်တွင် ခရု၊ကဏန်းလေးများက လှုပ်ရှားသွားလာနေကြသည်။ နှစ်ချို့အုန်းပင်များကလည်း လေအေးတို့အဝှေ့တွင် ဘယ်ညာယိမ်းယိုင်နေကြလျက်။

ညကတစ်ညလုံး နှစ်ယောက်သား ပျော့အိအိမွေ့ရာထက်က အချစ်ကမ္ဘာထဲမှာ ရမ္မက်ညဉ်းသံလေးများဝေဆာနေခဲ့ကြသဖြင့် ယခုနံနက်ခင်းထိမနိုးထနိုင်ကြသေးဘဲ နှစ်ခြိုက်စွာ အိပ်စက်နေကြဆဲဖြစ်၏။ သို့သော် မကြာခင်တွင် နေဟန်မှိုင်းမှာ မျက်လုံးနှစ်လုံးပွင့်လာခဲ့သည်။ သူ့ဘေးနားမှာ ကျောပေးအိပ်နေသော သိမ်မွေ့စံနွယ်ကိုမြင်လျှင် ညကကြည်နူးရင်ခုန်စရာအခိုက်အတန့်လေးများကို ပြန်မြင်ယောင်နေခဲ့သည်။

မြတ်နိုးရသူ အမျိုးသမီးလေးကို ပထမဦးဆုံးပန်းခြွေခဲ့သည့်အခိုက်အတန့်က သူ့အတွက်စိတ်ချမ်းသာရသလို နည်းနည်းတော့တာဝန်ကြီးခဲ့သည်။ သူ့အမျိုးသမီးလေး နောင်တရနေမှာကိုလည်းစိုးရိမ်မိသဖြင့် ဆန္ဒပါမပါကိုအကြိမ်ကြိမ်မေးမြန်းပြီးမှ နှစ်ဦးနှစ်ဖက် အပေးအယူမျှစွာ အချစ်လှေကလေးကိုအတူတူ လှော်ခတ်ရင်း အထွတ်အထိပ်သို့ရောက်သည်အထိ ခရီးနှင်ခဲ့ကြသည်။

နေဟန်မှိုင်းအတွက် သိမ်မွေ့စံနွယ်၏အချစ်စိတ်နိုးကြွနေသည့်မျက်နှာအမူအရာလေးများနှင့် သူမ၏အော်ညဉ်းသံလေးများက အလွန်ချစ်စရာကောင်းလွန်းခဲ့ပြီး ကြည်နူးပီတိဖြစ်စရာ၊ နားဝင်ချိုစရာပင်။ မည်သို့ပင်ဆိုစေကာမူ သူမက စာချုပ်နှင့်လက်မှတ်ထိုးထားသော တရားဝင်ဇနီးမယားမဖြစ်သေးသော်ငြား ယခုတွင်မူ သူ၏နှလုံးသားက ထာဝရသတ်မှတ်ထားသော ကာမပိုင်ဇနီးလေးတစ်ဦးဖြစ်လာခဲ့ပြီ။

နေဟန်မှိုင်း၏ရှည်လျားသောလက်ချောင်းထိပ်များက ဖြူနုနေသော သိမ်မွေ့စံနွယ်၏ကျောပြင်ပြောင်ပြောင်လေးကို အသာအယာထိတွေ့နေခဲ့သည်။ ထို့နောက် သူမ၏ကျောပြင်နားကို သူ့ကိုယ်လုံးက အသားချင်းထိကပ်သွားပြီးနောက် သူမခါးလေးကိုဖက်ထားခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now