✽ အပိုင်း ၂၆ ✽

6.3K 71 0
                                    



ခမ်းနားသည့်အငွေ့အသက်တို့လွှမ်းခြုံသည့် ရွှေရောင်ဧည့်ခန်းမကြီးတွင် တန်ဖိုးကြီးနိုင်ငံခြားအရက်များကို ဇိမ်ရှိစွာသောက်နေသူမှာ ဦးမိုက်ကယ်ဖြစ်သည်။ သူ့အနားတွင် တပည့်ဖြစ်သူများက ဝန်းရံကာ မတ်တပ်ရပ်နေကြသည်။

ဦးမိုက်ကယ်က မကောင်းမှုဒုစရိုက်နှင့်ပတ်သက်သောလုပ်ငန်းအစုံလုပ်သည့် ဂိုဏ်းခေါင်းဆောင်ဖခင်ကြီးဖြစ်သည်။ သူ ခေါင်းဆောင်ဖြစ်လာသည်နှင့်အမျှ ဒုစရိုက်လောက သားများနှင့် အဆက်အသွယ်ပိုများလာသည်။ ထို့ကြောင့် သူ့အတွက် သူ​၏တူအရင်းဖြစ်သူ တေဇောခ၊ လက်ရှိ နေဟန်မှိုင်းကို ရှာဖွေရန် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဖြစ်လာသည်။

" အဲဒီကောင်က ခုချိန်ထိခရီးကနေ မပြန်လာသေးဘူးလား "

ဦးမိုက်ကယ်က သူ့ရှေ့တွင် မတ်တပ်ရပ်နေသောတပည့်ဖြစ်သူကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

" ဟုတ်ကဲ့ ဆရာ၊ သူ့ကောင်မလေး ကုမ္ပဏီကနေ သိလာရတာတော့ အဲဒီအတိုင်းပါပဲ၊ ခုချိန်ထိ ရုံးမတက်သေးဘူး၊ ခွင့်ယူထားတုန်းပြောပါတယ် "

" သူ့ကောင်မလေး ဖုန်းနံပါတ် သိလာရပြီလား "

" ဟုတ်ကဲ့ ဆရာ "

" ခုပဲ မင်းရဲ့ဖုန်းနဲ့ အဲ့နံပါတ်နှိပ်လိုက် ... ငါပြောမယ် "

" ဟုတ်ကဲ့ ဆရာ "

တပည့်ဖြစ်သူလည်း ဦးမိုက်ကယ်ပြောသည့်အတိုင်း သိမ်မွေ့စံနွယ်​၏ဖုန်းနံပါတ်ကို ချက်ချင်းနှိပ်လိုက်သည်။ ဖုန်းဝင်သွားသည့်အခါ သူ​၏ဟန်းဖုန်းကို ဦးမိုက်ကယ်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

ဟော်တယ်တွင် ချစ်သူနှစ်ဦးသား ကြည်နူးစွာ ညစာစားနေကြသောအချိန်တွင် သိမ်မွေ့စံနွယ်​၏ဖုန်းမှာ မြည်လာခဲ့သည်။

" ဟယ် ... နံပါတ်စိမ်းကြီးပါလား၊ ဘယ်သူများလဲ မသိဘူး "

သိမ်မွေ့စံနွယ်ကနေ ချက်ချင်း ဖုန်းကောက်ကိုင်လိုက်စဉ် နေဟန်မှိုင်းက ဟင်းတမြုံ့မြုံ့ဝါးရင်း သူမကိုကြည့်နေခဲ့သည်။

" ဟဲလို ဘယ်သူပါလဲရှင် "

" နေဟန်မှိုင်းရဲ့ဦးလေးပါ သမီး ... "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now