✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)

8.8K 108 3
                                    




"နှစ်ပတ် သုံးပတ်လောက် မတွေ့ရတာ အနှစ် ၂၀ အနှစ် ၃၀ လောက် မတွေ့ရသလို ရင်ထဲမှာ နှလုံးသားတွေ တစ်စစီကျိုးပဲ့နေပါရော ကျွန်မရဲ့အမျိုးသားလေးရယ် "

ယနေ့ တနင်္ဂနွေနေ့၏ကြည်ပြာရောင်ကောင်းကင်ပြာသည် တိမ်ဖြူအစုအဝေး တရွေ့ရွေ့တို့ဖြင့် သာယာဆိတ်ငြိမ်နေပေ၏။

ယခင်လများစွာက နှစ်ကိုယ်တူအငွေ့အသက်များရှိနေသော နေဟန်မှိုင်း၏တိုက်ခန်းထဲတွင် သိမ်မွေ့စံနွယ်ခမျာ သူမတစ်ယောက်တည်း လွမ်းဆွေးကာ ထိုင်နေရှာသည်။ သူမ လက်ထဲတွင် လက်ကိုင်ပဝါအမည်းလေးတစ်ထည်ရှိနေသည်။ ထို လက်ကိုင်ပဝါကမူ
သူမ အမျိုးသားလေးထံမှ ချစ်သူစဖြစ်သည့် အထိမ်းအမှတ်အနေနှင့် လက်ခံရရှိခဲ့သော မြတ်နိုးဖွယ်ရာ လက်ဆောင်တစ်ခုပင်။

သူမ မျက်ဝန်းများက ၎င်းလက်ကိုင်ပဝါ အမည်းလေးကိုကြည့်ရှုရင်း နေဟန်မှိုင်းအကြောင်းကို တွေးနေမိသည်။ မျက်ဝန်းဝိုင်းဝိုင်းလေးမှ အလွမ်းမျက်ရည်ကြည်များ တစ်စက်ကနေ နှစ်စက်၊ သုံးစက် ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပဲ မျက်ရည်ကြည်စက်များမှ မျည်ရည်မိုးများအဖြစ်သို့ ပြောင်းလဲလာလျက်။ သူမ၏အမြင်အာရုံများမှာလည်း မျက်ဝန်းထဲက မျက်ရည်ထုကြောင့် ဝေဝါးလာ၏။

" တီး - တောင် - တီး"

ရုတ်တရက် တိုက်ခန်းဘဲလ်မြည်သံကြောင့် ဖြိုင်ကျနေသည့် သူမမျက်ရည်များကို မြတ်နိုးရာလက်ကိုင်ပဝါအမည်းလေးဖြင့် ပြောင်ရှင်းအောင် သုတ်လိုက်ကာ တိုက်ခန်းတံခါးကို ထဖွင့်လိုက်သည်။

တံခါးဖွင့်လျှင်ဖွင့်ချင်း ယခင်အချိန်နာရီအတော်အကြာက အလွမ်းရောင်အပြည့်လွှမ်းမိုးထားခဲ့သော သူမမျက်ဝန်းများမှာ ဝမ်းသာပီတိရောင် သမ်းသွားလျက်။ ဤသည်မှာ နေဟန်မှိုင်း၏အပြုံးကြောင့်ပင်။

" ကိုကို "

သူမ တံခါးကို သော့အမြန်ဖွင့်လိုက်ပြီး နေဟန်မှိုင်းကို ချက်ချင်းပြေးဖက်ခဲ့သည်။

" ကိုယ့်ပူတင်းတုံးလေးရဲ့မျက်နှာတောင် ချောင်ချသွားတယ်"

နေဟန်မှိုင်းမှာ သူ့ရင်ခွင်ထဲက သိမ်မွေ့စံ၊ နွယ်၏မျက်နှာလေးဖောင်းအိအိနှစ်ဖက်လေးကို ညင်သာစွာ ညှစ်လိုက်သည်။ တစိမ့်စိမ့်မကြည့်ခဲ့ရတာ ကြာလှပြီဖြစ်သော သူ့အမျိုးသမီးလေး၏အကြင်နာမျက်ဝန်းလေးများကို စိုက်ကြည့်နေမိသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now