✽ အပိုင်း ၁၃ ✽

3.8K 99 0
                                    



အမျိုးသမီးဖြစ်စေ၊အမျိုးသားဖြစ်စေ သူတို့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ပေါက်ဖွားလာသော ၁၅၀၀ (သို့) ၅၂၈ သီအိုရမ်မေတ္တာတရားများဟူသည် လုပ်ယူ၍မရသော သဘာဝတရားတစ်ခုပါပေ။

တစ်ခါတစ်ရံ ကိုယ်ကချစ်ပါလျက်နှင့် ထိုသူမှာကိုယ့်အပေါ်မချစ်မနှစ်သက်နိုင်။

တစ်ခါတစ်ရံ ကိုယ်ကမချစ်မနှစ်သော်ငြား ထိုသူမှမေတ္တာတရားပုံအောပေးလာလျှင် လက်သင့်မခံန်ိုင်ပဲရှိချေသည်။

သို့ရာတွင် နှစ်ဦးနှစ်ဖက်မေတ္တာကိန်းညွှန်းများ ညီမျှခြင်းမည်ခဲ့လျှင် နေ့ရက်တိုင်းသည် မေတ္တာတရားများ ဝေဆာသီကုံးထားသောချစ်သူများနေ့ဖြစ်နေပေလိမ့်မည်။

လူတို့​၏ချစ်ခြင်းမေတ္တာတရားကား ဆန်းကြယ်အံ့ဩဖွယ်ရာ။

----

ကြယ်စင်ကြယ်စများ ပြယ်လွင့်ကင်းစင်နေသော မဟူရာလွှမ်းသည့်ကောင်းကင်တွင် ငွေမိုးစက်များ ကျဆင်းနေပေသည်။

လသာဆောင်တွင် ဆေးလိပ်ငွေ့များမှာ လေဟာနယ်တွင် ကွေးကောက်ရွေ့လျားနေလျက်။ နေဟန်မှိုင်း​က တစ်ယောက်တည်း ထိုမိုးရေစက်များကို ကုလားထိုင်တွင် လဲလျောင်းကာ အတွေးခရီးများလွန်နေသည်။

တစ်ခဏအကြာတွင် သူ့ပေါင်ပေါ်သို့ ဖိအားတစ်ခုရောက်ရှိနေသည်ကိုသတ်ိထားမ်ိသည်။ သိမ်မွေ့စံနွယ်​၏ကိုယ်လုံးလေးက သူပေါ်သို့ တက်ထိုင်ထားခြင်းပင်။

" ကို ... "

" ဟွန် ... "

" မအေးဘူးလား ... စွပ်ကျယ်နဲ့ "

" သဲတုန်ရှိတာပဲ၊ မအေးပါဘူး၊ အနွေးဓာတ်တွေရနေတာပဲ"

နေဟန်မှိုင်းက သူမကိုယ်လုံးလေးကို ဆွဲဖက်ထားလိုက်ပြီး သူ့ရင်ဘတ်ပေါ်သို့ လဲလျောင်းစေသည်။ ဤညတွင် သိမ်မွေ့စံနွယ်က သူမ​၏အိမ်သားများနှင့် ရန်ဖြစ်စကားများလာခဲ့ရာမှ နေဟန်မှိုင်း​၏အိမ်ပေါ်သို့ ဆင်းလာခဲ့ခြင်းဖြစ်သည်။ နေဟန်မှိုင်းနှင့်အတူတူနေရန်အတွက် အတိုက်အခံလုပ်ပြောခဲ့ခြင်းဖြစ်သည်။

ရှေးလူကြီးသူမတစ်ချို့သည် လက်မထပ်ရသေးဘဲ အတူတူနေခြင်းအပေါ် မသတီစရာလုပ်ရပ်အဖြစ် နှာခေါင်းရှုံ့တတ်ကြသည်မဟုတ်ပါလော။ ဤအကြောင်းကိစ္စကြောင့် တစ်မိသားစုလုံးရန်အကြီးအကျယ်ဖြစ်ခဲ့ကြသည်။ နေဟန်မှိုင်းကို သိမ်မွေ့စံနွယ်နှင့်စိတ်ချသည်ဆိုသော်လည်း တစ်အိမ်တည်းတွင် နှစ်ယောက်တည်း အတူနေ၊အတူစား၊အတူအိပ်မည်ကို ခွင့်မပြုနိုင်ခဲ့ကြပေ။ သူတို့၏မျက်စိအောက်တွင်သာ ရှိစေချင်ခဲ့ကြသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now