✽ အပိုင်း ၂၄ ✽

4.4K 73 2
                                    

မိုးများသည်းထန်နေသော ညအချိန်တွင် လှပချောမောသည့်အမျိုးသမီးတစ်ဦးသည် သူမ၏ရင်ခွင်ထဲ၌ ၂ နှစ်အရွယ်ကလေးငယ်အား တင်းကျပ်စွာပွေ့ချီရင်း ပြေးလွှားလာသည်။ ကလေးနှင့်မိခင်နှစ်ဦးစလုံးမှာ မိုးရေများစိုရွဲနေသည်။

အိမ်တံခါးတစ်ခုရှေ့သို့ရောက်လျှင် အမျိုးသမီးမှာ ကလေးကိုချီထားလျက် လျင်မြန်စွာတံခါးခေါက်ခဲ့သည်။

" ယောကျာ်း ယောကျာ်း "

(၁၅) မိနစ်၊ မိနစ် (၂၀) ကြာအောင် တံခါးခေါက်နေခဲ့သော်လည်း အိမ်ရှင်သည် တော်တော်နှင့်တံခါးမဖွင့်လာပေ။ သို့ဖြစ်လျှင် အမျိုးသမီးမှာ ထိုအိမ်တံခါးရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီး သူမ၏သမီးငယ်နှင့်အတူ ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့သည်။ ခဏအကြာတွင် တံခါးပွင့်လာသည်။

တံခါးပွင့်လာသည်နှင့်တစ်ပြိုက်နက် အမျိုးသားမှာ အေးစက်သောမျက်နှာပေးတစ်ခုနှင့်အတူ အမျိုးသမီးနှင့်ကလေးငယ်ကို စိုက်ကြည့်နေခဲ့သည်။ အမျိုးသမီးမှာ မိုးရေများစိုရွဲနေသည့်ကြားက သနားစရာမျက်နှာသိမ်ငယ်နေသောအပြုံးလေးဖြင့် ကြည့်နေခဲ့လျက်။

" ယောကျာ်း ... "

" မင်းဘာလာလုပ်တာလဲ၊ ဒီလောက်မိုးသည်းနေတာ၊ တစ်ကိုယ်လုံးလည်းစိုရွဲနေပြီ၊ ကလေးဗန်းပြပြီး ငါ့ကိုဘာဒုက္ခပေးအုံးမလို့လဲ "

" မေ တောင်းပန်ပါတယ်၊ မေတို့သားအမိနှစ်ယောက်ကို အိမ်ရှင်ကညတွင်းချင်း အတင်းနှင်ထုတ်လိုက်လို့ပါ "

" ကျစ် ... ဒီမိန်းမတော့ သောက်ဇယားတွေနဲ့"

အမျိုးသားမှာ ဒေါသထွက်နေသည့်ပုံစံဖြင့် အမျိုးသမီးကိုဆက်ဆံသော်လည်း သူ့ရင်ထဲတွင် သူမတို့သားအမိနှစ်ယောက်ကို သနားနေခဲ့သည်။ သူ၏မိန်းမဖြစ်သူသည် လောင်းကစားလုပ်ခြင်းကို အလွန်ခုံမင်နှစ်သက်လွန်းရာ သူ့ဘက်ကဆက်မလုပ်ဖို့အတန်တန်တားခဲ့သည်မှာ အကြိမ်ပေါင်းမနည်းခဲ့ပေ။

လောင်းကစားလုပ်၍ရှုံးလာလျှင် ယောကျာ်းဖြစ်သူက ဒိုင်ခံလျော်ပေးခဲ့ရသည်။ မလျော်ပေးပါကလည်း မိန်းမဖြစ်သူကို သတ်ကြမည်စိုးရိမ်သဖြင့် သူရှာသမျှပိုက်ဆံအားလုံးသည် မိန်းမဖြစ်သူ မမေကလျာနွယ်၏လက်ချက်ကြောင့် ကုန်ပေါက်များခဲ့၏။ နောက်ဆုံးတွင် သည်းမခံနိုင်သည့်အဆုံး ကိုသူရမြိုင်မှာ မမေကလျာနွယ်နှင့် သမီးဖြစ်သူသိမ်မွေ့စံနွယ်ကိုပါ အိမ်ပေါ်ကနေနှင်ချခဲ့၏။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now