✽ အပိုင်း ၃၀ ✽

2.8K 62 1
                                    



မနက် ၅ နာရီပတ်ဝန်းကျင်တွင် ဦးမိုက်ကယ်တို့​၏စံအိမ်တော်ထဲတွင် စက်သေနတ်ဖြင့် ပစ်ခတ်နေသော သေနတ်သံများထွက်ပေါ်လာခဲ့သည်။ ဦးမိုက်ကယ်၏တပည့်များလည်း အော်ဟစ်ဆူညံနေကြပြီး အကာအကွယ်များယူကာ ပုန်းရှောင်နေခဲ့ကြသည်။

ဦးမိုက်ကယ်နှင့် မမယ်ဘယ်ရာလည်း အဓိကရုဏ်းဖြစ်နေသော ထိုဆူညံသံများကြောင့် နိုးထလာကြသည်။ ဦးမိုက်ကယ်ကမူ အင်္ကျီအမြန်ဝတ်ခဲ့ပြီး သူ​၏လက်စွဲတော်ရိုင်ဖယ်သေနတ်ကို ယူလိုက်သည်။ ဇနီးသည်ကို အခန်းထဲ၌ နေခိုင်းခဲ့ပြီး အပြင်တံခါးကို သော့ခတ်ထားခဲ့သည်။ ထို့နောက် အခန်းပြင်သို့ ထွက်လာခဲ့ကာ သူ​၏တပည့်များကို အော်လိုက်သည်။

" ဟေ့ကောင်တွေ ... ဘယ်ကောင် ငါ့အိမ်ကိုတိုက်နေတာလဲ "

" စံအိမ်တော်ထဲကို အရိုးခေါင်းမျက်နှာဖုံးနဲ့လူတစ်ယောက် အိမ်အောက်ထပ်ကိုဝင်လာပြီး တိုက်ခိုက်နေတာပါ ဆရာကြီး ... "

" ဟေ "

" ဟုတ် ... အောက်ထပ်က လူတော်တော်များ ဒဏ်ရာရထားကြပါတယ် "

" တောက်၊ ဘယ်ကောင်က ခုလောက်ထိ သတ္တိကောင်းနေရတာလဲ ... သေချင်နေပြီ "

ဦးမိုက်ကယ်မှာ စံအိမ်တော်အပေါ်ထပ်ကနေ အောက်ထပ်ကို ငုံ့ကြည့်လိုက်စဥ် အရိုးခြောက်ခေါင်းမျက်နှာဖုံးအစွပ်နှင့်လူမှာ ဦးမိုက်ကယ်တို့ကို မော့ကြည့်နေခဲ့ပြီး သူ၏အထူးတိုက်ခိုက်ရေးလူသတ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ဦးမိုက်ကယ်နှင့် သူ၏တပည့်များမှာ အလျင်အမြန် ခေါင်းငုံ့ကြကာ တိမ်းရှောင်လိုက်ကြသော်လည်း တပည့်တစ်ချို့မှာ ထိခိုက်ဒဏ်ရာရကုန်ကြသည်။

ဦးမိုက်ကယ်လည်း အလွန်ဒေါသထွက်သွားပြီးနောက် ထိုအရိုးခြောက်မျက်နှာဖုံးနှင့်လူအား သူ၏ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်တော့သည်။ ထို့နောက် စံအိမ်တော်အောက်ထပ်က တပည့်ဖြစ်သူများကလည်း ထိုသူအား ဝိုင်းဝန်းပစ်ခတ်ကြသည်။ ထိုသူကို ကျည်ဆန်များစွာ ထိမှန်သော်လည်း ထိုသူက ကျည်ကာများ တစ်ကိုယ်လုံးဝတ်ဆင်ထားသဖြင့် အကာအကွယ်အပြည့်ရှိနေခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now