✽ အပိုင်း ၂၇ ✽

3.1K 59 4
                                    


ကမ်းခြေအပျော်ခရီးတွင် ချစ်သူနှစ်ဦး ၁ ပတ်လောက်နေခဲ့ကြပြီးနောက် ယနေ့တွင်အိမ်ပြန်ရောက်ခဲ့ကြသည်။

နေဟန်မှိုင်းလည်း ခရီးကနေပြန်ရောက်ပြီး နောက်တစ်နေ့မနက်တွက် ပုံမှန်အတိုင်း စားဖိုမှူးသင်တန်းကိုတက်ခဲ့သည်။ သင်တန်းမှာ အနောက်တိုင်းဟင်းလျာများကို သင်ယူချက်ပြုတ်ခဲ့သည်။ ထို့နောက် နေ့ခင်းဘက်တွင် သင်တန်းဆင်းသော် ကားပါးကင်သို့ ရောက်ရှိလာ၏။

အရာအားလုံးက အေးဆေးတည်ငြိမ်နေသည်။ နေဟန်မှိုင်းလည်း စိတ်အေးချမ်းလျက် လေချွန်ကာ ကားပါးကင်က ကားများကိုဖြတ်ကျော်၍ ခြေလှမ်းကျဲများဖြင့် လမ်းလျှောက်လာခဲ့၏။ အနက်ရောင်ဇိမ်ခံကားအကောင်းစားနှစ်စီးကြားက သူ့ကားနားသို့ရောက်သော် ရီမုနှိပ်ကာ ကားတံခါးဖွင့်လိုက်လျှင် ကားမီးများက မျက်စိတစ်မှိတ်စာလောက် ဖျတ်ခနဲ လင်းသွား၏။

ကားတံခါးဖွင့်လိုက်ပြီး ယာဉ်မောင်းထိုင်ခုံပေါ်ကို တက်ထိုင်လိုက်စဉ် သူ့ဘေးကထိုင်ခုံသို့ လူတစ်ယောက်က ဖျတ်ခနဲ အမြန်ဝင်ထိုင်လိုက်သည်။

နေဟန်မှိုင်းလည်း သူ့ယာဉ်မောင်းထိုင်ခုံရှေ့ရှိ အံဆွဲထဲက ဓားကိုချက်ချင်းဆွဲထုတ်လိုက်သည်။ ထို့နောက် ဘေးကလူ၏လည်စေ့ကို လျင်မြန်စွာ ထောက်ထားလိုက်သည်။

" ဟက်ဟက် ... လက်ကမြန်သားပဲဟ"

နေဟန်မှိုင်းမှာ သူ့ကားပေါ်တက်လာသည့် သူစိမ်းအမျိုးသား၏မျက်နှာကို အမျက်မာန်တင်းကာ စူးစိုက်ကြည့်လိုက်သည်။ အသက် ၃၀ အရွယ် ချောမောခန့်ညားသောလူတစ်ဦးဖြစ်၏။ သို့သော် သူ့အသံကို တစ်နေရာမှာ တရင်းတနှီးကြားဖူးသည်ဟု စဉ်းစားတွေဝေနေတုန်းမှာပဲ သူသိလိုက်သည်။

ဤလူသည် သူ့ဦးလေး 'ဦးအေးဖေ'ပင်။

အမည်ဟောင်း ဦးအေးဖေ၊ အမည်သစ် ဦးမိုက်၏မျက်နှာက ပလတ်စတစ်ဆာဂျရီလုပ်ထားခံခဲ့ရသည့်အတွက် သူ့အသက်က ၅၀ နားကပ်နေသော်ငြား အသက် ၃၀ ကျော် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကဲ့သို့ဖြစ်နေပြီး နုပျိုချောမောနေ၏။ ထို့ကြောင့် နေဟန်မှိုင်းက ချက်ချင်းမမှတ်မိနိုင်ခဲ့ပေ။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now