✽ အပိုင်း ၉ ✽

4.5K 104 3
                                    


ထို့နောက် သူမ၏လက်ကလေးများကို ဖမ်းဆုပ်လိုက်ပြီးလျှင် ...

" အွန့် "

သိမ်မွေ့ဆံနွယ်၏ပါးဖောင်းဖောင်းလေးကို ညှစ်လိုက်ကာ ပြင်သစ်အနမ်း (France Kiss) တစ်ခုအား စတင်အကောင်အထည်ဖော်ခဲ့သည်။ သူမြတ်နိုးမိသောမိန်းကလေးနှင့် ယခုကဲ့သို့နမ်းရှိုက်နေရသည်က စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ သုခဘုံလေးတစ်ခုကို ရောက်ရှိနေသည့်အတိုင်းပင်။

သူ​၏နမ်းချက်များက အစပ်ိုင်းတွင် နူးညံ့နေခဲ့ပြီး ဖြည်းဖြည်းချင်းကြမ်းတမ်းစပြုလာခဲ့သည်။ သိမ်မွေ့စံနွယ်မှာ သူ​၏အငမ်းမရနမ်းချက်များအောက်မှာ ရင်တဒိတ်ဒိတ်နှင့်စိတ်လှုပ်ရှားနေခဲ့ရပြီး မကြာခင်တွင် 'တအွန့်အွန့်'ဖြင့် အသက်ရှူမဝ ဖြစ်လာခဲ့သည်။ ထို့နောက် သူမ​၏ကျောပြင်လေးသည် တဖြည်းဖြည်း ဆိုဖာပေါ်သို့ ထိကပ်လာကာ နေဟန်မှိုင်း​၏ကိုယ်လုံးအောက်သို့ ရောက်ရှိလာခဲ့သည်။

​နေဟန်မှိုင်းမှာ သူ့မွေ့စံလေး​၏နှုတ်ခမ်းများကို ပြင်းပြစွာ နမ်းရှိုက်ခဲ့ပြီးနောက် သူမ​၏လည်ပင်းဖွေးဖွေးနုနုလေးပတ်လည်ကို နမ်းရှိုက်ခဲ့ပြန်သည်။ သိမ်မွေ့စံနွယ်ဝတ်ထားသောအင်္ကျီမှာ လည်ပြောင်ရှင်း၍ ပခုံးနှစ်ဖက်ပေါ်သည့် off-shoulder အင်္ကျီအမျိုးအစားဖြစ်ပြီး မီနီစကတ် (Mini skirt)ဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။ ယခုတွင်မူ နေဟန်မှိုင်းမှာ သူမလေး၏ရင်ညွန့်ကိုပါ နမ်းနေခဲ့သည်။

သိမ်မွေ့စံနွယ်လည်း မျက်လုံးလေးပြူးကာ လန့်လာသဖြင့် အသက်ရှူသံများ ပြင်းသည်ထက်ပြင်းလာခဲ့လျက်။ ကြက်သီးမွေးညင်းလေးများလည်း ထလာလျက်။

" ကိုကို ... "

​နေဟန်မှိုင်းလည်း သူမလေး ခန္ဓာကိုယ်မှာ မွေးညင်းလေးများထပြီး တုန်လာသည်ကို သတိထားမိသဖြင့် တုံ့ဆိုင်းခဲ့သည်။

" ကိုကို့ကို ကြောက်လို့လား ... မွေ့လေးကို လွန်လွန်ကျူးကျူးလုပ်မှာကိုလေ"

" ကြောက်တာပေါ့ ... "

နေဟန်မှိုင်း၏အမေးကို သိမ်မွေ့စံနွယ်မှာ အသံတိုးတိုးညင်ညင်လေးနှင့် ဖြေခဲ့သော်၊ နေဟန်မှိုင်းမှာ သူမလေး၏မျက်ဝန်းလေးများကို စိုက်ကြည့်နေခဲ့ပြီး ပြုံးနေခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Où les histoires vivent. Découvrez maintenant