✽ အပိုင်း ၁၀ ✽

4.5K 99 9
                                    



နေရောင်ရှိန်၍ ပူပြင်းသောနေ့ခင်းဘက်ဖြစ်သည်။ အချိန်ကား ၂ နာရီရှိခဲ့​​သည်။ နေဟန်မှိုင်းမှာ ဤနေ့တွင် နောက်ထပ်ကိစ္စတုံးပေးရမည့်လူတစ်ဦးရှိနေခဲ့ပြီး ထိုသူမှာ ငွေအတုထုတ်လုပ်နေသော ဂိုဏ်းသားတစ်ဦးပင်။

နေဟန်မှိုင်းက အမျိုးသားများအတွက် လူကြီးကစားစရာပစ္စည်းများရောင်းသော အရောင်းသမားတစ်ဦးအနေဖြင့် အယောင်ဆောင်လာခဲ့လျက် ထိုလူ၏တိုက်ခန်းရှေ့တွင် ရပ်နေခဲ့သည်။ တံခါးရှေ့တွင် သက်ပြင်းတစ်ချက်ချခဲ့ပြီးနောက် သံပန်းကြားထဲသို့ လက်ထိုးလိုက်ကာ တံခါးမကြီးကို လက်ဆစ်ဖြင့် လေးချက်တီးခေါက်ခဲ့၏။

မကြာခင်တွင် ရုပ်အသင့်အတင့်ရှိပြီး နှုတ်ခမ်းမွေးရေးရေး၊ ဗလတောင့်တောင့်နှင့် အသားညိုညိုလူတစ်ယောက်က တံခါးဖွင့်လာပြီး နေဟန်မှိုင်းကို ကြောင်ကြည့်နေခဲ့သည်။ နေဟန်မှိုင်းလည်း ချိုသာစွာ ပြုံးလိုက်ပြီး နူတ်ဆက်လိုက်သည်။

" မင်္ဂလာပါခင်ဗျ ... ကျွန်တော်တို့ကုမ္ပဏီက အစ်ကိုကြီးတို့ s-x partnerတွေနဲ့ လိင်ဆက်ဆံရာမှာ အဆင်ပြေစေအောင် ဒါမှမဟုတ် တစ်ကိုယ်ရေအာသာဖြေရာမှာ အသုံးတည့်စေမဲ့ပစ္စည်းလေးတွေကို ရောင်းပေးနေတာဖြစ်ပါတယ်။ အားပေးတဲ့ customer တွေကိုလည်း လစဥ် promotion တွေ လုပ်ပေးနေကြပါ "

သူဇီဝိန်ချုပ်ပေးရမည့်လူ၏နောက်ကြောင်းကို စေခိုင်းသူကနေ ပြောပြခဲ့ခြင်းဖြစ်သည်။ ဤဒုစရိုက်သမားမှာ တစ်ချိန်က ဘိန်းရာဇာသူဌေးကြီး၏အလုပ်သမားတစ်ဦးဖြစ်ခဲ့သည်။ တစ်နေ့တွင် သူဌေးကြီး၏သမီးငယ်တစ်ဦးအား လူအလစ်တွင် သားမယားပြုကျင့်စော်ကားခဲ့ပြီးနောက် ၃ နှစ်ကြာအောင် ထွက်ပြေးနေခဲ့သောသူပင်။

သူဌေးကြီးဘက်ကနေ ထိုသူ့အကြောင်းကို သူလျှိုများစေလွှတ်ကာ ကွင်းဆက်လိုက်၍ အချိန်တစ်ခုအထိ ထောက်လှမ်းနေခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ နေဟန်မှိုင်းဆီသို့ သူကိုယ်တိုင်လာတွေ့ကာ ထိုသူနေသည့်နေရာနှင့် ဇီဝိန်ချုပ်ပေးရမည့်ပုံစံကိုပါ ပြောကြားခဲ့ပြီး ညှိနှိုင်းတောင်းဆိုခဲ့သည့်အတွက် နေဟန်မှိုင်ူဘက်က ယခုကဲ့သို့ စီစဉ်အကွက်ချလာခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now