29 (Z)

202 7 3
                                    

၉ နှစ်အရွယ် ကောင်လေးတစ်ယောက်က ကုမ္ပဏီအခန်းထဲကို မျက်ရည်တရွှဲရွှဲ၊ နှာတရှံ့ရှုံ့ဖြင့် ရှိုက်ငင်ကာ ဝင်လာသည်။ ဦးအေးဖေကမူ ကုမ္ပဏီ၏စာရင်းဇယားစာအုပ်များကို စစ်ဆေးရင်း အလုပ်ရှုပ်နေသည်။ တူလေး တေဇောခ၏တရွှတ်ရွှတ်ငိုသံနှင့်ခြေသံကိုကြားလျှင် သူခေါင်းမော့လာ၏။

" ဖေအေး ရွှတ်ရွှတ်"

" ဟား တေဇောခ ... တူလေး ဘာဖြစ်လာတာလဲ "

ဦးအေးဖေလည်း စာရင်းအင်းစာအုပ်များကို ဆက်လက်၍ မစစ်ဆေးတော့ပေ။ မတ်တပ်ရပ်ပြီး သူ့တူလေးဆီကို လာခဲ့သည်။ တေဇောခလေးမှာ ဦးအေးဖေ၏ခါးကို တင်းကျပ်စွာဖက်လိုက်ရင်း ငိုနေခဲ့သည်။

" ဖေဖေက သားကို ခွေးကောင်လေးဆိုပြီး ဆဲလွှတ်တယ်ဗျာ "

ဦးအေးဖေမှာ မျက်မှောင်ကြုတ်သွားသည်။ သူ့ခါးကို ဖက်ထားသော တေဇောခ၏လက်များကိုဆွဲဖယ်လိုက်ပြီး ငိုနေသော တေဇောခလေး၏မျက်နှာကို ကြည့်နေမိသည်။

" ဟုတ်လား၊ ငါ့အစ်ကိုကို မင်းက ဘာတွေစိတ်ဆိုးအောင် သွားလုပ်လို့လဲ၊ ငါသိသလောက် မင်းအဖေက မင်းကိုမဆဲဖူးပါဘူး "

" ရွှတ် ရွှတ် ... သား ဘာမှ မလုပ်ထားပါဘူး ဖေအေးရာ၊ သား ရဲ့ (၁၀)နှစ်ပြည့်မွေးနေ့ရောက်ရင် ရွှတ် .... သားကို စက်ရုပ်လေးဝယ်ပေးပြောမိတာကို၊ အဲဒါကို မင်းက အားတိုင်းပူဆာနေတာပဲ၊ နားညဉ်းတယ် ခွေးကောင်လေးတဲ့.... အီးဟီး .... သားကိုဆဲတယ် ... ခွေးကောင်လေးတဲ့ "

" ဟားဟား ... ငါ့အစ်ကို စိတ်မကြည်နေတုန်း မင်းက အလိုက်ကမ်းဆိုး မသိဘဲ သွားပူဆာနေမှာပေါ့ ... ပြီးတော့ ခွေးကောင်လေးပဲပြောတာလေ "

" အဲ့ ခွေးကောင်လေးက ဆဲတာပဲပေါ့ ဖေအေးကလဲ ... ပုံမှန် ဖေဖေက သားကို အဲဒီလိုတွေမပြောတတ်သလို ဆောင့်အောင့်မနေဘူး၊ ဒီနေ့ ဖေဖေ ဘာတွေဖြစ်နေတာပါလိမ့်၊ သားကို အဲဒီလိုအော်တော့ မေမေက မအော်နဲ့ပြောတာကို ... မေမေနဲ့လည်း ရန်အကြီးအကျယ်ဖြစ်သေးတယ် ... သား သိတဲ့ ဖေဖေ ဝင်းဖေ မဟုတ်နေဘူးဗျာ .... အရမ်းစိတ်ညစ်တယ် "

" ဟားဟား၊ ငါ့ဆို မင်းအဖေ ဆဲတာ အဲ့ထက်ဆိုးတယ်၊ ဒါဆို သားက စိတ်ညစ်နေလို့ ဖေအေးဆီ ထွက်လာခဲ့တယ်ပေါ့ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now