✽ အပိုင်း ၈ ✽

4.9K 118 2
                                    



လမ်းမီးတိုင်၏မှိန်ဖျော့ဖျော့အဝါရောင်အလင်းတန်းအောက်တွင် ဆေးလိပ်အခိုးငွေ့များက လေထဲတွင် တလူလူလွင့်တက်နေသည်။

နေဟန်မှိုင်းတစ်ယောက် သူကိစ္စတုံးပေးရမည့်လူတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထိုလူမှာ ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး သူ့အားရှင်းပစ်ခိုင်းသူမှာ တခြားဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ယောက်ပင်။

မကြာခင် ထိုဂိုဏ်းခေါင်းဆောင်ဟောင်းမှာ လမ်းသွယ်လေးထဲသို့ ယိမ်းတိမ်းယိုင်တိုင်လမ်းလျှောက်လာခဲ့သည်။ နေဟန်မှိုင်းမှာ Mask အမည်းကောက်တပ်လိုက်သည်။ လက်ထဲက ဆေးလိပ်မီးကိုလည်း မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ကြေမွသည်အထိ နင်းချေခဲ့၏။

နေဟန်မှိုင်းနားသို့ရောက်သော် အရက်မူးဝေနေသောမျက်လုံးများဖြင့် လှည့်ကြည့်ခဲ့ပြီးနောက် လမ်းရှေ့တည့်တည့်ကိုသာ ပြန်ကြည့်ခဲ့လျက် လမ်းလျှောက်သွားခဲ့သည်။ ၇ မိနစ်ကြာသွားချိန်၌ နေဟန်မှိုင်းလည်း အနီးအနားတွင် ရပ်ထားခဲ့သောကားကို စက်နိူးခဲ့ပြီး ထိုသူနောက်မှ လိုက်သွားခဲ့သည်။

ထိုသူမှာ ညာဘက်လမ်းသွယ်ထဲသို့ ကွေ့ဝင်သွားခဲ့သည်ကို နေဟန်မှိုင်း မြင်ခဲ့ပြီးနောက် သူလည်း ထိုလမ်းထဲသို့ ကားမောင်းဝင်သွားခဲ့သည်။ ဂိုဏ်းခေါင်းဆောင်အနားသို့ရောက်သောအခါ ဘေးကပ်ရပ်ခဲ့ပြီး ကားပေါ်ကနေ ဆင်းချလာခဲ့သည်။

နေရာကား လူနေအိမ်ကျဲသောနေရာတစ်ခုဖြစ်သည်။ နေဟန်မှိုင်းလည်း ဘေးဘီပတ်ဝန်းကျင်ကို အရိပ်အကဲကြည့်နေခဲ့ပြီးနောက်တွင် ....

" ဗျို့ ဆရာကြီး ... နေကောင်းလား "

​ရုတ်တရက် နေဟန်မှိုင်း၏အသံကြောင့် ယိမ်းတိမ်းယိုင်တိုင်ဖြစ်နေသောလူလည်း မူးနေသောမျက်လုံးများဖြင့် နေဟန်မှိုင်းကို ကြည့်နေခဲ့သည်။ ထိုစဥ် နေဟန်မှိုင်းမှာ စကားထပ်မပြောဘဲ ပြုံးပြနေခဲ့ပြီးနောက် သူ့လက်ထဲတွင်အသင့်ကိုင်ဆောင်ထားသည့်မေ့ဆေးပဝါဖြင့် ထိုသူ့နှာခေါင်းကို အတင်းအကျပ်ပိတ်အုပ်ခဲ့သည်။ ထို့နောက်တွင် ကားနောက်ခန်းတံခါးကိုဖွင့်ကာ ထိုသူကိုတင်ဆောင်ခဲ့ပြီး ချက်ချင်းမောင်းထွက်ခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now